
နေပြည်တော် မေ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ဆီဆိုင် မြို့နယ် ထီဗွာကျေးရွာမှ ကိုယ်ဝန် သည် အမျိုးသမီးတစ်ဦး အပါအဝင် ဒေသခံပြည်သူကိုးဦးကို လူသား ဒိုင်းအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဧပြီ ၆ ရက်တွင် ဖမ်းဆီး ထားပြီး ယနေ့အချိန်ထိ ပြန်လည် လွတ်မြောက်ခြင်းမရှိသေးကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ များက အထင်အမြင်လွဲမှားဖွယ် လှုံ့ဆော်ရေးသား ဝါဒဖြန့်ဝေနေ သည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ မှန်ကန်မှုမရှိဘဲ တရားမဝင် ပြည်ဖျက်မီဒီယာများက လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာ ကျဆင်းစေရန် အတွက် လုပ်ကြံရေးထားခြင်း သာဖြစ်ပြီး ထီဗွာကျေးရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီး ထားခြင်းမရှိကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
အလားတူ တောင်ကြီးမြို့နယ် ဇလဲကျေးရွာအုပ်စုရှိ ကျေးရွာများ မှ စစ်မှုထမ်းရန်အတွက် တစ်ရွာ လျှင် လူသုံးဦး စာရင်းပေးသွင်း ရန်နှင့် လူမပေးနိုင်ပါက ငွေကျပ် သိန်း ၈၀ ပေးဆောင်ရမည်ဟု သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ် မမှန် လုပ်ကြံရေးသားဖြန့်ဝေ လျက်ရှိသည်။
PNLO ၊ KNDF ၊ PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများ သည် ဒေသကောင်းစားရေးဟု သုံးနှုန်း၍ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်များ အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေ ရန်နှင့် ဒေသခံတိုင်းရင်းသားများ ၏ လူမှုစီးပွားဘဝများ ပျက်စီး ဆုံးရှုံးစေရန်ရည်ရွယ်၍ အဖျက် အမှောင့် လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ်လုပ်ဆောင်လျက် ရှိသည်။ ၎င်းတို့၏လုပ်ရပ်များကို လုံးဝလက်ခံနိုင်မှုမရှိသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများက ကန့်ကွက်ရှုတ်ချလျက် ရှိသည့် အတွက် တရားမဝင် ပြည်ဖျက် မီဒီယာများမှတစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် မဟုတ်မမှန် စွပ်စွဲကာ သတင်းအမှားများကို ဝါဒဖြန့် ရေးသားနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်