ဆီအထွက်နှုန်းတိုးတက်စေရေး အားပေးဆောင်ရွက်ကြရန်လို

စားသုံးဆီနှင့်ပတ်သက်၍ ပြည်တွင်း၌ ဆီဖူလုံမှုရှိရန် လိုအပ်ကြောင်း၊ ထို့ကြောင့် စားသုံးဆီများထွက်ရှိရေးအတွက် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဆီအုန်းများဖြစ်ထွန်းစေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ဆီအဓိကထွက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ဆီထွက်သီးနှံများ စိုက်ပျိုး ကြကြောင်း၊ အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆီအထွက်နှုန်းများ တိုးတက်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍လည်း မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးခြင်းနှင့် လိုအပ်သည့် ရေနှင့်မြေဩဇာများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ဝါအထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ပမှ ချည်များတင်သွင်းမှုကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ မောင်းနှင်အားတွင် စီးပွားရေးမောင်းနှင်အားသည် အရေးကြီးကြောင်း။   


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ၇-၉-၂၀၂၁ ရက်နေ့တွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)