
ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ပြည်ပနိုင်ငံများမှ ကာကွယ်ဆေး ဆေးဝါးအတုများ ဝင်ရောက်လာမှုများ ရှိသည်ဟု ကြားသိရသဖြင့် ပြည်သူများ ထိခိုက်မှုများရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ယင်းကိစ္စနှင့်ပတ်သက်၍ ဩဂုတ် ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြည်သူလူထု သတိပြုနိုင်ရန် အသိပေးကြေညာထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာနယ်စပ်ဒေသများမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေရန်လိုကြောင်း၊ မြို့ကြီးများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆေးဝါးကုမ္ပဏီများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တင်သွင်းခွင့်ပေးထားကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသမှ ပြည်သူများအနေဖြင့် ဆေးဝါးအတုများ ထိုးနှံမှုမရှိစေရေးအတွက် ဒေသခံပြည်သူများ သိရှိစေရေး အမြဲမပြတ်အသိပေး ထုတ်ပြန်ဆောင်ရွက်နေရန်လိုကြောင်း၊ ဆေးဝါးအတုများသည် လူ့အသက်အန္တရာယ်အထိ ဖြစ်ပေါ်စေနိုင်သဖြင့် ထိုသို့ဆောင်ရွက်သူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၃-၈-၂၀၂၁ ရက်နေ့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)