ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များရှိ ပထမနှစ်သင်တန်းများ၏ လစ်လပ်နေရာများသို့ ပြောင်းရွှေ့တက်ရောက်နိုင်ရေး လျှောက်လွှာခေါ်ယူသည့် ကြေညာချက်

 

(၂၀၂၀)  ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ကျန်းမာ ရေးဝန်ကြီးဌာနအောက်ရှိ   တက္ကသိုလ်များသို့   ဝင်ခွင့်ရရှိထားပြီး ကျောင်းလာရောက်အပ်နှံခြင်း  မရှိသေးသူများ၊   ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်များအချင်းချင်း ပြောင်းရွှေ့လျှောက်ထားလိုသူများ၊  အခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များတွင် ဝင်ခွင့် ရရှိသူများသည် ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီ ပါက      ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ    တက္ကသိုလ်များသို့ ပြောင်းရွှေ့လျှောက်ထားနိုင်ကြောင်းနှင့် လစ်လပ်နေရာပေါ်  မူတည် ပြီး ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့်  ကိုက်ညီသူများအနက် အမှတ်အများဆုံးရရှိသူများအား ရွေးချယ်၍  လစ်လပ်နေရာများတွင် အစားထိုးပြောင်းရွှေ့တက်ရောက်ခွင့်ပြုရေး   ရွေးချယ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

 


အသေးစိတ်အချက်အလက်များသိရှိလိုပါက ကျန်းမာရေးဝန်ကြီး ဌာန၏ Facebook Page, Website တို့တွင်လည်းကောင်း၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏  Website  တွင် လည်းကောင်း၊ သက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့်  ဆေးပညာနှီးနွှယ် တက္ကသိုလ် များ၏ Website   များတွင်လည်းကောင်း    ဝင်ရောက်ကြည့်ရှု နိုင်ပါကြောင်းနှင့်  မိမိတို့လက်ရှိတက်ရောက်ပညာသင်ကြားလျက် ရှိသော     တက္ကသိုလ်များတွင်လည်း     စုံစမ်းမေးမြန်းနိုင်ကြောင်း ကြေညာအပ်ပါသည်။                            

ကျန်းမာရေးဝန်ကြီးဌာန