ဆေးတက္ကသိုလ်(၂)ရန်ကုန်နှင့် Raphael International, Republic of Korea တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

 

နေပြည်တော် အောက်တိုဘာ ၁၃


ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာ ရေးလူ့စွမ်းအား     အရင်းအမြစ် ဦးစီးဌာန   ဆေးတက္ကသိုလ်  (၂) ရန်ကုန်နှင့်  Raphael  Interna-tional,  Republic  of  Korea တို့အကြား     ပညာရပ်ဆိုင်ရာ နယ်ပယ်များတွင်      အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်အတွက်  (၅) နှစ်သက်တမ်းရှိ နားလည်မှု စာချွန်လွှာ  (Letter  of  Intent) လက်မှတ်ရေးထိုးပွဲ  အခမ်းအနား ကို   ယမန်နေ့က   နေပြည်တော်ရှိ ကျန်းမာရေး  လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန၌   ကျင်းပရာ ဆေးတက္ကသိုလ်   (၂)   ရန်ကုန်   ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ အေးအေးခင်နှင့်    Raphael International,  Republic  of Korea ၏ Director Ms.  Sunghae  Kwon   တို့   လက်မှတ်ရေးထိုးပြီး     အပြန်အလှန်လဲလှယ်ကြသည်။  


အဆိုပါ နားလည်မှုစာချွန်လွှာ အရ ဆေးတက္ကသိုလ် (၂) ရန်ကုန် နှင့်  Raphael  International တို့သည် ဆေးပညာသင်ကြားရေး  နယ်ပယ်တွင်  လူ့စွမ်းအားအရင်း အမြစ်  ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ  သင်တန်းများပေးခြင်း၊ ကုသရေး ဆိုင်ရာ  သုတေသနလုပ်ငန်းများ  ဆောင်ရွက်ခြင်း၊  ခေတ်မီ ဆေး ကုသမှု    နည်းလမ်းများနှင့်   ဆေး ပစ္စည်းများ       မိတ်ဆက်ခြင်း နယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း    သိရ သည်။  


သတင်းစဉ်