ဆေးထိုးနှံနိုင်သည့်နေရာများသို့ ဆေးများ အချိန်မီရောက်ရှိရေးနှင့် လေလွင့်ပျက်စီးမှုမရှိရေးကို အလေးထားဆောင်ရွက်သွားကြရန် လိုအပ်

 

စစ်ကိုင်း   မတ်   ၃


စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၈/၂၀၂၂)ကို    မတ် ၃ ရက်     နံနက် ၉  နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။  

 


ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း   ဧပြီလ အကုန်တွင်   ကာကွယ်ဆေးထိုးနှံ ပေးရမည့်   လျာထားချက် အရေ အတွက်အား   ပြည့်မီစွာထိုးနှံနိုင် ရေးအတွက်    တာဝန်ရှိသူများ အားလုံးက   ပူးပေါင်း၍  ကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့်   ဆေး ထိုးနှံနိုင်သည့်နေရာများသို့  ဆေး များ    အချိန်မီရောက်ရှိရေးနှင့် လေလွင့်ပျက်စီးမှု     မရှိရေးကို အလေးထား ဆောင်ရွက်သွားကြ ရန်   လိုအပ်ကြောင်း၊  ရည်မှန်း ချက်  ရည်ရွယ်ချက်ကောင်းဖြင့် လုပ်သင့်လုပ်ထိုက်သည်များအား ဝိုင်းဝန်း    ပေါင်းစပ်ဆောင်ရွက်ရ မည် ဖြစ်ကြောင်း၊     Quarantine Center ၊    Positive Center များကို     လိုအပ်ချက်မရှိအောင် စီမံဆောင်ရွက်ရမည်        ဖြစ် ကြောင်း၊   ပြည်သူများအနေဖြင့် လည်း    ကိုဗစ်-၁၉   စည်းမျဉ်း စည်းကမ်းများကို    အသိစိတ်ဓာတ် ကိုယ်စီဖြင့်     လိုက်နာနေထိုင် သွားကြရန်     လိုအပ်ကြောင်း၊    ကာကွယ်   ထိန်းချုပ်ရေးအတွက်   အသိပညာပေးမှုများကို  ပြည်သူ အားလုံး             သိရှိလိုက်နာ    ဆောင်ရွက်လာအောင်    ကြိုးပမ်း ဆောင်ရွက်ကြရန်      လိုအပ် ကြောင်း၊      ရောဂါပိုး စစ်ဆေးမှုနှင့်     ကာကွယ်ဆေး ထိုးနှံခြင်းများကို    တာဝန်ရှိသူများ    အနေဖြင့် အရှိန်မြှင့်ဆောင်ရွက်ရန်      လိုအပ် ကြောင်း၊     ကာကွယ်  ထိန်းချုပ်မှု များကိုလည်း    တာဝန်ရှိသူများ နှင့်အတူ            ပူးပေါင်းကာ    အသိတရားဖြင့်     လိုက်နာကြရန် ပြောကြားသည်။

 


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော     တိုင်း ဒေသကြီးဝန်ကြီးများ၊       ဌာန ဆိုင်ရာများနှင့် တာဝန် ရှိသူများက    နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊    ဆေးရုံတက်ရောက်     ကုသမှုနှင့် ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထား ချက်     ပြည့်မီအောင်     ကာကွယ် ဆေးထိုးနှံမှု   အခြေအနေများ၊   အောက်ဆီဂျင် ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက်    နေရာများတွင်     ကျန်းမာရေး   စစ်ဆေးရေးစခန်း များ   ချထား၍   စစ်ဆေးဆောင် ရွက်နေမှု၊ Quarantine Center နှင့်  Positive Center    ဆောင်ရွက် ထားရှိမှု    အခြေအနေများ၊     လုံခြုံရေး     ဆောင်ရွက်ပေးနေမှု  အခြေအနေများ၊     ပြည်သူများ   အသိနှင့်    သတိရှိရေးအတွက်    အသိပညာပေးရေးနှင့်  ပတ်သက် ၍  အကြံပြု  ဆွေးနွေးတင်ပြကြ  သည်။

 


ထို့နောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်-၁၉    ရောဂါ     ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်   ကူးစက်မှု     လျှော့ချရေးလုပ်ငန်း များနှင့်  ပတ်သက်၍   ဆွေးနွေး တင်ပြချက်များအပေါ်    လိုအပ် သည်များကို   တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)