ဆေးရုံတိုင်း ဆေးရုံအင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိရန် လိုအပ်

ဆေးရုံများကိုအဆင့်မြှင့်တင်နိုင်ရေး  လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဆေးရုံတိုင်းသည်  ဆေးရုံအင်္ဂါရပ်များနှင့်  ကိုက်ညီမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုခေတ်၌ နိုင်ငံတကာရှိ ဆေးရုံများ၏ ပုံသဏ္ဌာန်များ၊ အင်္ဂါရပ်များကို အလွယ်တကူ လေ့လာတွေ့ရှိ နိုင်ကြောင်း၊ ထိုသို့လေ့လာ၍ မြို့နယ်၊ တိုက်နယ်၊ ခရိုင်အဆင့် ဆေးရုံများ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ICU ခန်းများရှိသည်ဖြစ်သော်လည်း ကိုဗစ်နှင့်ပတ်သက်၍ သီးသန့်ထားရှိပြီး အခြားရောဂါများအတွက်လည်း ICU ခန်းကို သီးသန့်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း နိုင်ငံတော်က လိုအပ်သည့် ကုန်ကျမှုများကို ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဆေးရုံများ အဆင့်မြှင့်တင်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်သရိုက်များ ရှင်းလင်းရေး၊ ခြံစည်းရိုးများကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆေးရုံဝန်ထမ်းများ၊ တပ်မတော်၊ လူမှုရေးအဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ် မည်ဖြစ်ကြောင်း။ 
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၃-၈-၂၀၂၁ ရက်နေ့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)