
နေပြည်တော် စက်တင်ဘာ ၂၃
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကိုဗစ် -၁၉ အထူးကြပ်မတ်ကုသဆောင် တိုးချဲ့ပြုပြင်ဆောက်လုပ်ခြင်း ပြီးစီးမှုနှင့် ဆေးရုံကြီး ရှိ ဝန်ထမ်းမိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုတို့ကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
အဆိုပါ ကိုဗစ် - ၁၉ အထူးကြပ်မတ်ကုသဆောင် ကို ဇွန် ၂ ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး လူနာ နှစ်ယောက်ခန်း ငါးခန်းပါဝင်ကြောင်း၊ Medical gas system (oxygen plant, air plant, vacuum plant) တို့ပါဝင်၍ စနစ်တကျဖွဲ့စည်းထားကြောင်းနှင့် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သဖြင့် လိုအပ်သည့် ဆေးရုံ သုံးပစ္စည်းများကို ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအစည်းအဝေး ခန်းမတွင် ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများအား တွေ့ဆုံကာ ဆေးရုံလုပ်ငန်း များ ပုံမှန်အတိုင်း အင်အားပြည့်ဆောင်ရွက်ပေးနေ သည့် ဆေးရုံဝန်ထမ်းများအားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်း ပါဝင်ဆောင်ရွက်နေသူများကို လည်း ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုကာ ချီးမြှင့်ငွေများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သစ်လွင်ဆရာဝန်များ ဖြည့်ဆည်းနိုင်ရေး စီစဉ်လျက် ရှိသကဲ့သို့ ဆေးနှင့်ဆေးပစ္စည်းများ အထူးသဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် ကုသရေးဆေးဝါးများ လိုအပ်ချက်နှင့်အညီ ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ ဆေးရုံကြီးတွင် အရည် အသွေးပြည့်မီသည့် အောက်ဆီဂျင်အလုံအလောက် ရရှိရေးအတွက် Liquid Oxygen Tank တပ်ဆင် နိုင်ရေး စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေး မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၉ ရက် က ရှမ်းပြည်နယ် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်-၅၀၀) ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအဆောက် အအုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှု ကို ကြည့်ရှုစစ်ဆေးပြီး ကာကွယ်ဆေး လာရောက် ထိုးနှံလျက်ရှိသော ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ကာ ကာကွယ်ဆေးများ ထပ်မံ ရောက်ရှိလာမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အကြိမ်ပြည့်ထိုးနှံ ထားပါက ရောဂါကူးစက်ခံရနိုင်မှုအခွင့်အလမ်း နည်းမည်ဖြစ်ပါကြောင်း၊ ရောဂါကူးစက်ခံရပါက လည်း ရောဂါပြင်းထန်မှုမရှိသည်ကို တွေ့ရှိရပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဓာတ်မှန်နှင့်ပုံရိပ်ဖော်ဌာန၊ အရေး ပေါ်နှင့် ပြင်ပလူနာဌာန၊ သွားနှင့်ခံတွင်းဌာန၊ သွေးလှူဘဏ်၊ ဓာတ်ခွဲဌာနတို့ကို လည်းကောင်း၊ တစ်ရက်လျှင် လီတာ ၄၀ အောက်ဆီဂျင်အိုး ၂၈ လုံး ထုတ်လုပ်နိုင်သည့် Oxygen Plant ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွေးကင်းစ ကလေးလူနာဆောင်၊ သားဖွားမီးယပ်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအုပ်ကြီးရုံး အစည်းအဝေး ခန်းမတွင် အထူးကုဆရာဝန်များ၊ သူနာပြုများအပါ အဝင် ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆေးရုံကြီးရှိ ကွန်ပျူတာဓာတ်မှန်စက်ကို လုပ်ငန်းလိုအပ်ချက်နှင့် အညီ အဆင့်တိုးမြှင့်နိုင်ရေး စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လူနာဆောင်များတွင် အောက်ဆီဂျင် ပိုက်လိုင်းများ တိုးချဲ့တပ်ဆင်သွားရန် လိုအပ်မည်ဖြစ် ပါကြောင်း၊ ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော လက်ထောက်ဆရာဝန်၊ အထူးကုဆရာဝန်များကို အမြန်ဆုံးဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ နေ့စား ဝန်ထမ်းသစ်များကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် လူနာများအကျိုးငှာ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပါသဖြင့် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါ ကြောင်း ဆွေးနွေးမှာကြားကာ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်