ဆေးပညာဘွဲ့ရ အောင်စာရင်းထုတ်ပြန်ပြီးသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စေရေး ကြေညာချက်

 

၁။    ဆေးတက္ကသိုလ်များ၏ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ်  တာဝန်ထမ်းဆောင်ပြီး၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလများတွင်  ဆေးပညာဘွဲ့ရ အောင်စာရင်းထုတ်ပြန်ပြီးသူ စုစုပေါင်း (၁၂၂၂) ဦးတို့သည် သက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ပထမနှစ်သင်တန်းသို့ စတင်တက်ရောက်စဉ်ကတည်းက တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းမျဉ်း စည်းကမ်း များအတိုင်း “ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်ကြာ မပျက်မကွက်တာဝန်ထမ်းဆောင်ပါ မည်”ဟု ကတိခံဝန်ချက် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။

 


၂။    ယခုအခါ နိုင်ငံတော်တွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်များ လိုအပ်လျက်ရှိခြင်းကြောင့်  အဆိုပါ (၁၂၂၂) ဦးသည်  သင်တန်းတက်ရောက်စဉ်က  ချုပ်ဆိုခဲ့သည့်  ကတိခံဝန်ချက်အတိုင်း  နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်မပျက်မကွက် တာဝန် ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာန