ဆေးပင်စင်ယူထားသည့် တပ်မတော်သား ၅၀ ဦးထက်မနည်းကို တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့စေလွှတ်ရန် တပ်မှပြန်လည်ခေါ်ဆောင်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ Ayeyarwaddy Times မှ ကောလာဟလ သတင်းအမှားများ ရေးသားဖြန့်ဝေ

 

နေပြည်တော်   ဒီဇင်ဘာ   ၇
ဧရာဝတီတိုင်းဒေသကြီး   ဟိုင်းကြီးကျွန်းမြို့အနီး ကျေးရွာများတွင် ဆေးပင်စင်ယူထားသည့် တပ်မတော် မှ အငြိမ်းစား ၅၀ ဦးထက်မနည်းကို လက်ရှိတိုက်ပွဲ ဖြစ်ပွားရာဒေသများသို့ စေလွှတ်ရန် ဒီဇင်ဘာ ၄ ရက် က ပမ္မဝတီရေတပ်မှ   စစ်ကားများဖြင့်  ခေါ်ဆောင် သွားကြောင်း မျက်မြင်တွေ့ရှိရသည့် ကျေးရွာဒေသခံ များထံက သိရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ များမှ  လူမှုကွန်ရက်စာမျက်နှာများတွင်  လုပ်ကြံ သတင်းတု၊ သတင်းအမှားများဖြန့်ဝေ ရေးသားလျက် ရှိပြီး အဆိုပါကျေးရွာများသို့ မည်သည့်တပ်မတော် သုံးမော်တော်ယာဉ်မျှ     လာရောက်ခဲ့ခြင်းနှင့် ခေါ်ဆောင်သွားခြင်း လုံးဝမရှိကြောင်းနှင့် ပြည်သူ များ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ လိမ်လည် ရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်