ဆေးဖက်ဝင်ကာ ဝင်ငွေရ ရုံးပတီပင် စိုက်ပျိုးကြ

 

ကိုငြိမ်းငယ်(ကျွန်းဒေါင့်)
 

 

ရုံးပတီပင်သည် စိုက်ပျိုးရလွယ်ကူပြီး ဆေးဖက်လည်းဝင်သောကြောင့် မြန်မာပြည်အနှံ့ စိုက်ပျိုးကြသည်။ ရုံးပတီသီးကို ကြော်၍ဖြစ်စေ၊ ချက်၍ဖြစ်စေ၊ ကင်၍ဖြစ်စေ၊ အတို့အမြှုပ်ပြုလုပ်၍ဖြစ်စေ လူတိုင်းလိုလို စားသုံးကြသောကြောင့် ဈေးကွက်လည်းဝင်သည်။ ထိုသို့ ဆေးဖက်ဝင် ဈေးကွက်ဝင်ပြီး အပိုဝင်ငွေ ရရှိစေ နိုင်သော ရုံးပတီသီးပင်စိုက်ပျိုးရေးအကြောင်းကို လူတိုင်းသိရှိနိုင်ကြစေရန် ရေးသားတင်ပြလိုက်ပါသည်။
 

 

ရုံးပတီပင်အမျိုးအစားများ


ရုံးပတီပင်သည် အပင်ပိုင်းအားဖြင့် အပင်ပုမျိုး နှင့် အပင်မြင့်မျိုးဟူ၍ နှစ်မျိုးရှိသည်။ အပင်ပုမျိုးသည် သီးအားပိုကောင်းသည်။ အသီးအနေဖြင့် အမြှောင့်ပါ မျိုး၊  လုံးချောမျိုး၊  အမွေးပါမျိုးဟူ၍  တွေ့ရသည်။ ထို့ပြင် အသီးစိမ်းနှင့် အသီးနီမျိုး စသည်ဖြင့် ကွဲပြားမှု ရှိလေသည်။

 


မြေအမျိုးအစားနှင့် စိုက်ပျိုးချိန်


ရုံးပတီပင်သည် မြေသိပ်မရွေးပါ။ မြေအသင့် အတင့်   ကောင်းမွန်ပါက   စိုက်ပျိုးဖြစ်ထွန်းသည်။ စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက မြေဩဇာများကို စနစ် တကျအသုံးပြုပြီး စိုက်ပျိုးနိုင်သည်။ ရုံးပတီပင်သည် ဖွယ်သောမြေကို     ပို၍နှစ်သက်ပြီး     မြေညံ့ပါက နွားချေး၊  မြေဆွေးများထည့်ပြီး   စိုက်ပျိုးနိုင်သည်။ ရုံးပတီပင်ကို   မိုးဦးနှင့်  မိုးနှောင်းကာလများတွင် အများဆုံးစိုက်ပျိုးကြပြီး ရာသီမရွေး စိုက်ပျိုးနိုင် သည်။

 


စိုက်ပျိုးရန် နည်းလမ်းများ


ရုံးပတီပင်စိုက်ပျိုးရာတွင် မျိုးစေ့ချပြီး တိုက်ရိုက် စိုက်ပျိုးကြသောကြောင့် စိုက်ပေါင် သို့မဟုတ် စိုက် ကျင်းများဖြင့် စိုက်ပျိုးကြသည်။ စိုက်ပေါင်ပေါ်တွင် စိုက်ပျိုးပါက အပင်တစ်ပင်နှင့် တစ်ပင်ကို တစ်ပေစီ ခွဲခြားစိုက်ပျိုးသင့်သည်။ စိုက်ပေါင်တန်းများကိုလည်း တစ်တန်းနှင့်တစ်တန်း နှစ်ပေစီခန့် ခွဲခြားထားသင့် ပါသည်။ ကျင်းဖြင့်စိုက်မည်ဆိုပါက တစ်ကျင်းလျှင် မျိုးစေ့ကို နှစ်စေ့၊ သုံးစေ့ခန့်ထည့်ပြီး စိုက်ပျိုးရမည်။ ထို့နောက် အသန်ဆုံးအပင်ကို ချန်ထားရမည်။ နွေဦး အချိန်တွင် စိုက်ပျိုးသောအပင်နှင့် မိုးဦးအချိန်တွင် စိုက်ပျိုးသောအပင် ကြီးထွားမှုနှုန်း မတူညီပေ။ နွေဦး တွင်စိုက်ပျိုးသောအပင်မှာ ကြီးထွားမှုအားနည်းတတ် သည်။ ထို့ကြောင့် အပင်တန်း၏ အကွာအဝေးများကို စိုက်ပျိုးချိန် ရာသီအလိုက် ပြုပြင်ပေးရန် သတိပြု ရမည်။    ရုံးပတီပင်စိုက်ပျိုးရာတွင်    မျိုးစေ့များကို တစ်ရက်ခန့်  ရေစိမ်ပြီးမှစိုက်လျှင် ပိုမိုကောင်းမွန် သည်။ မြေတစ်ဧကတွင် သဘာဝမြေဩဇာဖြစ်သော နွားချေးမြေဆွေးကို  လှည်းငါးစီးမှ ရှစ်စီးခန့်အထိ ထည့်သွင်းသင့်သည်။ ရုံးပတီပင်ကို မိုးအသင့်အတင့် ရရှိသောဒေသများ၊ ဆည်ရေရရှိသောဒေသများနှင့် မြေအောက်ရေရရှိသော ဒေသများတွင် အမြဲတမ်း စိုက်ပျိုးနိုင်သည်။

 


အပင်ပြုစုခြင်းနှင့် ခူးဆွတ်ခြင်း


ရုံးပတီပင်ကို စတင်စိုက်ပျိုးချိန် တစ်လအတွင်း ပေါင်းမြက်များကင်းစင်အောင် ဆောင်ရွက်ရမည်။ ရုံးပတီပင်ငယ်စဉ်တွင်   ငါးအမိုင်နို ရွက်ဖျန်း အား ဆေးကို     ဆယ်ရက်ခြား   တစ်ကြိမ်    ဖျန်းပေးသင့်သည်။   စိုက်ပျိုးပြီး တစ်လ ကျော်ပါက   ပုလဲဓာတ်မြေဩဇာ    ပေးသင့်သည်။ အပင်၏အခြေအနေနှင့်    စိုက်ပျိုးသည့်မြေအပေါ် မူတည်၍ လိုအပ်ပါက တီစူပါဓာတ်မြေဩဇာ ပေးရ မည်။ 

 


အင်းဆက်နှင့်  ရောဂါဖျက်ဆီးမှု  အထွေအထူး မရှိပေ။ သို့သော်  နေ့စဉ်ဂရုစိုက်၍ ပေါင်းနုတ်၊ မြေဆွ၊ ရေလောင်းပေးရမည်။
ရုံးပတီပင်မှ ရုံးပတီသီးကို စိုက်ပျိုးပြီး နှစ်လမှ နှစ်လခွဲခန့်တွင်    ခူးဆွတ်နိုင်သည်။   ခူးဆွတ်ရန် အကောင်းဆုံးအချိန်မှာ  သီးကင်းဝင်ပြီး  ငါးရက်မှ တစ်ပတ်အတွင်း ခူးဆွတ် သင့်သည်။  ရုံးပတီသီး သည်  နေရောင် ခြည် ကောင်း စွာ   ရရှိလျှင် အရင့်မြန်သဖြင့် အသီးတောင့်များ  အတွင်း အမျှင်မဖြစ်မီ ခူးဆွတ်နိုင်ရန် သတိပြုရမည်။

 


ဆေးဖက်ဝင်သော ရုံးပတီ


မြန်မာတို့၏ တိုင်းရင်းဆေးလောကတွင် ရုံးပတီ သီးသည် ဆေးဝါးဓာတ်စာအတွက် အလွန် အသုံးဝင် လှသည်။  အစာလည်း ဆေး၊      ဆေးလည်း အစာဟု    ဆိုသည့်အတိုင်း    ဆေးဖက်ဝင်သော    ဟင်းသီး ဟင်းရွက်များထဲမှ ရုံးပတီပင် စိုက်ပျိုးရေးကိုလည်း ပြုလုပ်သင့်သည်။ 

 


ရုံးပတီသီးကို    စားသုံးခြင်းဖြင့်   ကျန်းမာရေး အတွက် အကျိုးကျေးဇူးများစွာ ရရှိစေသည်။  အရိုး များကို သန်မာစေခြင်း၊ နှလုံးအားကို ကောင်းစေခြင်း၊ အဆစ်အမျက်    ရောင်ရမ်းမှုကို   သက်သာစေခြင်း၊ သွေးလည်ပတ်မှုအားကို ကောင်းစေခြင်း၊ ခန္ဓာကိုယ် ၏ သွေးပေါင်များကို ထိန်းညှိပေးခြင်း၊ မျက်စိကို  ကြည်လင်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေ သည်။ ရုံးပတီသီးတွင်   ဗီတာမင်ဓာတ်များစွာ ပါဝင် ပါသည်။ ပိုတက်စီယမ်ဓာတ်နှင့် မဂ္ဂနီစီယမ်ဓာတ်များ လည်း ပါဝင်ပြီး သွေးသားများကို သန့်ရှင်းစင်ကြယ် ကောင်းမွန်စေသည်။ ရုံးပတီသီးကို စားသုံးခြင်းဖြင့် သွေးတိုးရောဂါနှင့်     လေဖြတ်ရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည်။ 

 


တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ်အထိ 


ရုံးပတီသီးသည်  လူတိုင်းနီးပါး  စားသုံးနေကြ သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သောကြောင့်   ဈေးကွက်ထဲသို့လည်း အလွယ်တကူ ဝင်ဆံ့နိုင်သည်။ ထို့ကြောင့်   မိသားစုအပိုဝင်ငွေရရှိစေရန်    တစ်ပိုင် တစ်နိုင်မှသည် စီးပွားဖြစ်အထိ ရုံးပတီပင်ကို စိုက်ပျိုး ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ပါသည်။     ။