ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကား  ရောင်းချပေးသည့် အစီအစဉ် တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ


 

နေပြည်တော် စက်တင်ဘာ  ၇


ကိုဗစ်-၁၉  ရောဂါ  တတိယလှိုင်းဖြစ်ပွားနေသည့်  ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်   ကုန်သည်လမ်းနှင့်  ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာန    အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီလက်ကား ဖြန့်ဖြူးရောင်းချခြင်း အစီအစဉ် ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချ သောကုမ္ပဏီ၁၂ခုမှအိမ်သုံးဆေးဝါး ၁၆၃ မျိုးကို ရောင်းချပေးလျက်ရှိ ပြီး   ငွေကျပ် ကိုးသိန်းကျော်ရှိ ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခဲ့သည်။
အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့နယ်  ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက်  အမှတ်(၁၀၄/ ၁၀၈)နေရာ၌လည်း ၁၇ ရက်အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ငွေကျပ် ရှစ်သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှု၊ မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်လည်း  ရွေ့လျားဈေးကားဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်များကို ရောင်းချပေးကြောင်း  သတင်းရရှိသည်။
သတင်းစဉ်