ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်လျက်ရှိရာတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် စိတ်ချလုံခြုံစွာဖြင့် ကျောင်းတက်ရောက်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ပံ့ပိုးဆောင်ရွက်

 

နေပြည်တော်    ဧပြီ     ၂၄


ကျန်မာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ    မန္တလေးတိုင်းဒေသကြီး     ဝန်ကြီးချုပ်   ဦးမောင်ကို ဦးဆောင်သည့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသ ကြီး  အစိုးရအဖွဲ့  အစည်းအဝေးခန်းမ၌  တွေ့ဆုံ ဆွေးနွေးသည်။

 


ပြင်ဆင်ဆောင်ရွက်ထားရန်လို


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမောင်ကိုက နှုတ်ခွန်းဆက်စကား  ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ   သက်ခိုင်ဝင်းက  ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ အတိုင်း အတာတစ်ခုအထိ ကောင်းစွာထိန်းချုပ်နိုင်ပြီဖြစ်၍  ပုံမှန်ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို    အရှိန် အဟုန်     မြှင့်တင်ဆောင်ရွက်ရန်    လိုပါကြောင်း၊    ယခုအခါ ဆေးရုံလုပ်ငန်း ဆောင်ရွက်မှုများ အရှိန် အဟုန်ဖြင့်     ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်သော် လည်း အထူးကုဘာသာရပ်အချို့မှာ  လုပ်ငန်းဆောင် ရွက်နိုင်မှု   အားနည်းလျက်ရှိပါကြောင်း၊   ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ    ပြန်လည်ဖွင့်လှစ်လျက် ရှိရာတွင် ကျောင်းသား ကျောင်းသူများအနေဖြင့်      စိတ်ချလုံခြုံစွာဖြင့်          ကျောင်းတက်ရောက်နိုင်ရေး အတွက် တိုင်းဒေသကြီးအစိုးရမှ  ပံ့ပိုးဆောင်ရွက် မှုများ ပေးအပ်စေလိုပါကြောင်း၊ ယခုအခါအပြည်ပြည် ဆိုင်ရာ  ခရီးသည်တင်   လေကြောင်းလိုင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ      မြန်မာနှစ်ဆန်းတစ်ရက် နေ့မှစတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင်      ဝင်ရောက်ခွင့်ပြုထားပြီး    ဖြစ်ပါကြောင်း၊   ဝင်ရောက်လာသူများတွင် ရောဂါပိုးတွေ့ရှိရမှုအပေါ် မူတည်၍ နေပြည်တော်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ်များတွင် အဆိုပါလေယာဉ် ခရီးစဉ်များ ဆိုက်ရောက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီသို့ တင်ပြဆောင် ရွက်သွားမည်ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်    လိုအပ်သည်များ     ပြင်ဆင်ဆောင်ရွက် ထားရန်လိုအပ်ပါကြောင်း။

 


ကူညီပံ့ပိုးမှုများ ပေးအပ်


ပြည်သူလူထု၏   ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတွင်   ပုဂ္ဂလိကကျန်းမာရေး   စောင့်ရှောက်မှု အခန်းကဏ္ဍသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတွက်    ဥပဒေ၊     စည်းမျဉ်း စည်းကမ်းများနှင့်အညီ   တိကျစွာလိုက်နာ  ဆောင် ရွက်ရန်အရေးကြီးပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး သည် ဦးတည်အုပ်စုများအတွင်း ကာကွယ်ဆေးထိုး လွှမ်းခြုံမှု   ကောင်းမွန်သည့်ဒေသ   ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဦးတည်အုပ်စုများအတွင်း ရာနှုန်းပြည့်  ကာကွယ်ဆေး   လွှမ်းခြုံမှု      ရရှိစေရေးအတွက် ကိုဗစ်-၁၉   ရောဂါ   ကာကွယ်ဆေးကို   အသက် ၁၅   နှစ်နှင့်အထက်   ပြည်သူများကိုလည်းကောင်း၊ ထပ်ဆောင်းကာကွယ်ဆေးကို အသက်  ၄၀ နှစ်နှင့် အထက်    မိဘပြည်သူများကို      ထိုးနှံပေးလျက်ရှိပါ ကြောင်း၊ ကျောင်းများပြန်ဖွင့်ချိန်တွင်လည်း ကျောင်း အခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကိုလည်း    ဆောင်ရွက်မည်ဖြစ်ပါ၍ ကူညီ ပံ့ပိုးမှုများ     ပေးအပ်စေလိုပါကြောင်း၊       ထို့အပြင် အသက် ငါးနှစ်အောက်  ကလေးများအတွက် ပုံမှန် ကာကွယ်ဆေးထိုး   လုပ်ငန်းများဖြစ်သည့်   ဘီစီဂျီ၊  ပိုလီယို၊   ဝက်သက်ဂျိုက်သိုးရောဂါ  ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်တင်  ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ကဲ့သို့သော ကူးစက်ရောဂါများ ဖြစ်ပွားမှုကိုကာကွယ်ရန် ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ ဆောင် ရွက်ရန်လိုပါကြောင်း ပြောကြားသည်။ 

 


အပိုင်းလိုက် ဆောင်ရွက်ပေးနေ


ထို့နောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆေးရုံ များ သန့်ရှင်းသာယာလှပရေးအတွက် အပိုင်းလိုက် ဆောင်ရွက်ပေးနေပါကြောင်း၊ သူနာပြုတက္ကသိုလ် အပါအဝင်  ဆေးနှင့်  ဆေးနှီးနွှယ် တက္ကသိုလ်များသို့ တက်ရောက်လာသူ ကျောင်းသား ကျောင်းသူများကို    နွေးထွေးစွာကြိုဆို၍      လိုအပ်သည်များ     ပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကဆေးရုံ၊    ဆေးခန်းများ  ဥပဒေ   စည်းမျဉ်းစည်းကမ်းများကို လိုက်နာစေရေး ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။ 

 


ဝိုင်းဝန်းဆွေးနွေး


ထို့နောက် တက်ရောက်လာသူများက မန္တလေး တိုင်းဒေသကြီးအတွင်း ကျန်းမာရေးဆိုင်ရာ လုပ်ငန်း များ ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ဝိုင်းဝန်း ဆွေးနွေးကြသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)  ပါမောက္ခချုပ် အပါအဝင် ဆရာ ဆရာမများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍    လိုအပ်သည်များ     မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးပြီး            တိုင်းရင်းဆေးတက္ကသိုလ် ပြတိုက်၊  စာကြည့်တိုက်နှင့် ဘွဲ့နှင်းသဘင်ခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။ 

သတင်းစဉ်