ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း ခေတ္တရပ်နားထားရာမှ ပြန်လည်ထုတ်ဝေမည်

 

 

ရန်ကုန်  အောက်တိုဘာ ၃၀


မြန်မာ - တရုတ် ပူးပေါင်းဆက်ဆံ ရေး ဗဟိုအသင်းက စီစဉ်ထုတ်ဝေ သည့်“ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း” နှင့်   သတင်းမီဒီယာများတွေ့ဆုံ မိတ်ဆက်ခြင်း  အခမ်းအနားကို ယနေ့   မွန်းလွဲ   ၁  နာရီတွင် ရန်ကုန် မြို့ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်   လမ်းမကြီးရှိ Myanmar Sports  Hotel ၌ ကျင်းပသည်။

 


အခမ်းအနားတွင်        မြန်မာ- တရုတ်   ပူးပေါင်းဆက်ဆံရေး   ဗဟိုအသင်း၏    ဗဟိုအလုပ်အမှု ဆောင် ဦးအေးမင်းက နှုတ်ခွန်း ဆက်စကား        ပြောကြားပြီး စာတည်းမှူးချုပ်    ဦးရဲနိုင်စိုးက ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း ထုတ်ဝေ သည့် ရည်ရွယ်ချက်များနှင့် မူဝါဒ သဘောထားများကို    ရှင်းလင်း ပြောကြားသည်။

 


 ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းကို မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍         မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့်သည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါ ရီလတွင် စတင်ထုတ်ဝေခဲ့သည်။ လစဉ်ထုတ်မဂ္ဂဇင်းဖြစ်ပြီး အရှိန် အဟုန်မပျက်    ထုတ်ဝေခဲ့ရာမှ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ခေတ္တ ရပ်နားထားခဲ့သည်။    ယခုအခါ နိုဝင်ဘာလမှစတင်၍   အရှိန် အဟုန်မပျက် ပြန်လည်ထုတ်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။

 


ဆွေမျိုးပေါက်ဖော်  မဂ္ဂဇင်း သည်       ကလောင်ရှင်များ၏ ချစ်ကြည်ရင်းနှီးမှုနှင့် အထောက် အကူပြု     သုတရသစာမူများ၊ သတင်းများကို အစဉ်အမြဲ ကြိုဆို လျက်ရှိကြောင်း      ဆွေမျိုး ပေါက်ဖော်မဂ္ဂဇင်း     စာတည်း မှူးချုပ်က ပြောသည်။

 


ဆွေမျိုးပေါက်ဖော်   မဂ္ဂဇင်း သည်   မြန်မာ-တရုတ်  ပူးပေါင်း ဆက်ဆံရေး        ဗဟိုအသင်း၏ ကြီးကြပ်မှုဖြင့် အသင်း၏ရည်ရွယ် ချက်များဖြစ်သည့် မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို အထောက် အပံ့ဖြစ်စေမည့် အကြောင်းအရာ များကို    စာပေအနုပညာဖြင့် ပုံဖော်       ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 


သတင်းစဉ်