
ရန်ကုန် ဇန်နဝါရီ ၂၆
မြန်မာ - တရုတ်ပူးပေါင်း ဆက်ဆံရေးဗဟိုအသင်း၏ ကြီးကြပ်မှုဖြင့် လစဉ်ထုတ်ဝေသော ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းနှင့် စာနယ်ဇင်းမီဒီယာ များ တွေ့ဆုံပွဲကို ယမန်နေ့က မဂ္ဂဇင်းတိုက်တည်ရှိရာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Myanmar Sports Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအေးမင်းက မြန်မာ - တရုတ် ပူးပေါင်းဆက်ဆံ ရေး ဗဟိုအသင်း၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်းကောင်း၊ မဂ္ဂဇင်း တာဝန်ခံ စာတည်းမှူးချုပ် ဦးရဲနိုင်စိုး (ရဲနိုင်) က မဂ္ဂဇင်းထုတ်လုပ်မှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို တာဝန်ရှိ သူများက ပြန်လည်ဖြေကြားသည်။
ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းသည် မြန်မာ - တရုတ် သံတမန် ဆက်ဆံ ရေး နှစ်(၇၀)ပြည့်ကို ဂုဏ်ပြုခြင်း အထိမ်းအမှတ်အဖြစ် ထုတ်ဝေ ခဲ့ခြင်းဖြစ်ပြီး မြန်မာ - တရုတ်ချစ်ကြည်ရင်းနှီးမှုခိုင်မြဲစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို အများပြည်သူသိရှိနိုင်ရန် ရည်ရွယ်၍ လစဉ်ထုတ်ဝေလျက်ရှိသည်။
အဆိုပါ မဂ္ဂဇင်းတွင် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေး တိုးတက် မှုများကို ဖော်ထုတ်ပြသသည့် ဆောင်းပါးများ၊သတင်းများ အပါအဝင် သုတရသစုံလင်အောင် ထည့်သွင်းဖော်ပြလျက်ရှိပြီး မဂ္ဂဇင်းသက်တမ်း သုံးနှစ်အတွင်း ရောက်ရှိလာပြီဖြစ်ရာ ပိုမိုကောင်းမွန်အောင် ဆက်လက် ထုတ်ဝေဆောင်ရွက်နေကြောင်း သိရသည်။
သတင်းစဉ်