ဆောင်းဦးသစ်ရွက်များကြည့်ရှုရန်အတွက် တိုကျိုနန်းတော်ဝင်းကို သုံးနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ဖွင့်လှစ်

 

တိုကျို နိုဝင်ဘာ ၂၆


တိုကျိုမြို့ရှိ          ဧကရာဇ်နန်းတော်အတွင်း ဆောင်းဦးသစ်ရွက်များကို ပြည်သူများ ကြည့်ရှုခံစား နိုင်ရန်   သုံးနှစ်အတွင်း  ပထမဆုံးအကြိမ်  အများ ပြည်သူအတွက်    ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 


၂၀၁၄ ခုနှစ်မှ စတင်ကာ သစ်ရွက်များအရောင် ပြောင်းသည့်    ဆောင်းဦးရာသီနှင့်  ချယ်ရီပန်းပွင့် သည့် နွေဦးရာသီတွင် အိနုအီလမ်းသို့ ပြည်သူများ ဝင်ရောက်ခွင့်ပြုခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ကပ် ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှစကာ ရှုခင်းများ ကြည့်ရှုခြင်းကို ဆိုင်းငံ့ထားခဲ့သည်။

 


နန်းတော်တွင်းသို့ ဝင်ရောက်ရန် စောင့်ဆိုင်းခဲ့ သည့် ပြည်သူများအတွက်  နိုဝင်ဘာ ၂၆ ရက် နံနက် ၉ နာရီတွင်  ဝင်ပေါက်ကိုဖွင့်ပေးခဲ့ကြောင်း သိရ သည်။ မိုးရွာနေသည့် ကောင်းကင်အောက်တွင် မျိုးကွဲရှစ်မျိုးရှိသည့် မေပယ်ပင် ၇၀ ဝန်းကျင် စီတန်းနေသော   အရှည်   မီတာ ၆၀၀ ရှိသည့်  လမ်းကြောင်းအတိုင်း   ပြည်သူများ  လမ်းလျှောက် လျက်ရှိကြောင်း    သိရသည်။  

 

 လမ်းကြောင်း မကြာခဏ ပြည့်ကျပ်နေသောကြောင့် နန်းတော်၏ အရှေ့ဥယျာဉ်ကို ဖြတ်လျှောက်သည့် လမ်းကြောင်း ကို ယခုနှစ်တွင် ပိတ်ထားခဲ့ရကြောင်း၊ လာရောက် လည်ပတ်သူများသည် ဆာကာရှိတာ-မွန် ဂိတ် မှတစ်ဆင့်ဝင်ရောက်ပြီး အိနုအီ-မွန် ဂိတ်မှ တစ်ဆင့်   ထွက်ရမည်ဖြစ်သည်။  အိနုအီ လမ်းကို ဒီဇင်ဘာ ၄ ရက်အထိ ပြည်သူများအတွက်  ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သိရသည်။            

အင်န်အိတ်ချ်ကေ