
ကျောက်တော် ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန မြောက်ဦးခရိုင် ကျောက်တော် မြို့နယ်ရှိ သရက်တပင်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကွင်းသို့ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများက ယမန်နေ့က လာရောက်လေ့လာခဲ့ ကြသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာနေတောင်သူ ဦးစံသာထွန်း၏ ဆောင်းသီးနှံနေကြာစိုက်ခင်းအတွင်း စိုက်ပျိုးထားသော ဆင်းရွှေကြာ (နေကြာ) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန့်အောင်က ဆောင်းနေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ရခြင်း ၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)မှ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ကျောက်တော်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ကျောက်တော် မြို့နယ် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ဆောင်းနေကြာဆီထွက် သီးနှံစိုက်ဧက ၁၃၀၆၅ ဧက စိုက်ပျိုးသည့်အနက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)