
နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့် တင်ဆက်လျက်ရှိရာ နိုင်ငံ ကျော်တေးသံရှင်များ စုပေါင်း တင်ဆက်မည့် “ဆောင်းအမီ ချစ်သူဆီ” တေးဂီတ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၅ ရက်၊ (သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို စန္ဒရား ကွန်းဇော်တေးဂီတ အဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် တေးသံရှင်များ ဖြစ်ကြသည့် သန်းမြတ်စိုး၊ ကိုမြင့်အောင်၊ တက္ကသိုလ်လဲ့လဲ့၊ ကိုစန်းလွင်၊ အိအိချွန်၊ ဝိုင်းလမင်းအောင်၊ ကျော့ကေခိုင်၊ ရဲထိုက်၊ ဇင်သူဇာ ထွန်းနှင့် သီသီမာတို့က ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဖေဖော်ဝါရီ ၂၇ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယ အကြိမ် ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်