ဆောက်သမ်တန်နည်းပြအဖြစ် ရူဘင်ဆဲလ်လိစ်ကို ခန့်အပ်

 

ဆောက်သမ်တန်အသင်းနည်းပြအဖြစ် ရာသီ ကုန်အထိ ရူဘင်ဆဲလ်လိစ်ကို ခန့်အပ်လိုက် ပြီဖြစ်ကြောင်း သိရသည်။  

 
အမှတ်ပေးဇယားအောက်ဆုံးတွင် ရပ် တည် နေသော ဆောက်သမ်တန်အသင်းသည် ယခုလအစောပိုင်းတွင်  အသင်းကို  ၉၅ ရက်အကြာ     တာဝန်ယူကိုင်တွယ်ခဲ့သော နသန်ဂျုန်းစ်ကို   အသင်းနည်းပြအဖြစ်မှ  ထုတ်ပယ်လိုက်သည်။   နည်းပြဆဲလ်လိစ်  ကို  ခန့်အပ်ခြင်းသည် လိဒ်စ်နည်းပြဟောင်း  ဂျက်ဆီမာ့ချ်နှင့်       ဆွေးနွေးမှုပျက်ပြယ်ပြီး နောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 


နည်းပြ    နသန်ဂျုန်းစ်ကို    ထုတ်ပယ် လိုက်ပြီးနောက် ယာယီနည်းပြအဖြစ် ဆဲလ် လိစ် တာဝန်ယူကိုင်တွယ်ခဲ့သော ပွဲစဉ်တွင် ချယ်ဆီးအသင်းကို ရှုံးနိမ့်ထားသည်။ ဆဲလ် လိစ်သည် ဂရိ၊  အဇာဘိုင်ဂျန်နှင့်  ဒိန်းမတ် တို့တွင် နည်းပြအတွေ့အကြုံရှိထားသူ ဖြစ် သည်။ 


ဆောက်သမ်တန်အသင်းသည် ပရီမီယာ လိဂ် ၂၃ ပွဲတွင်  ငါးပွဲသာ  နိုင်ပွဲရရှိပြီး  ၁၈ မှတ်ဖြင့် အဆင့် (၂၀) တွင် ရပ်တည်နေသည်။ 

မိုးဇက်