ဆောက်လုပ်ရေးဝန်ကြီးဌာန Public Works Department ၏ (၁၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုသောအားဖြင့် နည်းပညာဆိုင်ရာစာတမ်းဖတ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  နိုဝင်ဘာ  ၂၂


ဆောက်လုပ်ရေးဝန်ကြီးဌာန    Public   Works Department ၏ (၁၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုသောအားဖြင့်  နည်းပညာ ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ  ဆောက်လုပ်ရေးဝန်ကြီး ဌာန စုဝေးခန်းမဆောင်၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။


(၁၃၅)နှစ်တိုင်ခဲ့ပြီ


အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းထိန်က ဆောက်လုပ်ရေးဝန်ကြီးဌာန၏  ရည်မှန်းချက်တာဝန် သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ကျသည့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးနှင့် ပြည်သူများ၏နေရေးဖြစ်သည့်     မြို့ပြအိမ်ရာ တိုက်တာအဆောက်အအုံစသည့်    နိုင်ငံတော်၏     အခြေခံအဆောက်အအုံ Transport Infrastructure ဖွံ့ဖြိုးရေး၊  လူမှုအခြေခံအဆောက်အအုံ    Social Infrastructure အတွက် အင်ဂျင်နီယာ အတတ်ပညာ များကို  မဏ္ဍိုင်ပြုပြီး   အရည်အသွေးစံချိန်စံညွှန်း ပြည့်မီစွာဖြင့် တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့အရည်အသွေး စံချိန် စံညွှန်း ပြည့်မီစွာဆောင်ရွက်နိုင်ရန် အင်ဂျင်နီယာ ကဏ္ဍ၏ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်များတွင် ခေတ် နှင့်အညီ  လိုက်ပါနိုင်ရန်  အင်ဂျင်နီယာနည်းပညာ ပိုင်းတိုးတက်ပြောင်းလဲမှု၊ သုတေသနအပိုင်း တီထွင်မှု အပိုင်းများကို    တိုးတက်အောင်ဆောင်ရွက်ခြင်း အားဖြင့် နိုင်ငံတော်မှ အားထားရသော နည်းပညာ ဖွံ့ဖြိုးတိုးတက်နေသည့် ဝန်ကြီးဌာနကြီးတစ်ခုအဖြစ် ခေတ်အဆက်ဆက်ရပ်တည်ခဲ့ရာ  Public  Works Department (PWD) မှစ၍ ယခုဆိုလျှင် (၁၃၅)နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း။

အဆောက်အဦကဏ္ဍတွင်  ဗိသုကာဒီဇိုင်းပိုင်းမှ စ၍ လျှပ်စစ်၊ ရေသန့် ပညာရပ်များသည် မြင့်မား လာသည်ကိုတွေ့ရှိရပြီး သမိုင်းဝင် ယဉ်ကျေးမှုအမွေ အနှစ်၊ ဘာသာရေးအမွေအနှစ် အဆောက်အဦများ ကိုပါ ပြုပြင်မွမ်းမံရန် တာဝန်ပေးလာသည်ကို  တွေ့ရ သည့်အတွက်  အင်ဂျင်နီယာများအနေဖြင့် အဆင့် ရှိရှိ  စံချိန်မီမီတည်ဆောက်နိုင်ရေး   ယဉ်ကျေးမှု ဗိသုကာပညာနှင့် နည်းပညာများကို လေ့လာဆည်းပူး ထားရှိနေရန် လိုအပ်မည်ဖြစ်ကြောင်း။


ထို့အတူ  လမ်း/တံတား  တည်ဆောက်ရာတွင် လည်း နိုင်ငံတကာနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ရ မည့် လမ်း/တံတားများကို စံချိန်စံညွှန်းမီ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊   မြို့ပြဒေသများနှင့် ပတ်သက်၍ လည်း  Better City    ၊  Better Life ဆောင်ပုဒ်နှင့်အညီ ပိုမိုကောင်းမွန်သောမြို့၊ ပိုမိုကောင်းမွန်သောဘဝများ ဖြစ်လာရေး မြို့ပြအိမ်ရာပညာရပ်များကို စဉ်ဆက် မပြတ်    လေ့လာပံ့ပိုးပေးနေရမည်ဖြစ်ပြီး     Town Planer   မြို့ပြပညာရှင်များ များစွာပေါ်ထွန်းလာရေး ဆောင်ရွက်သွားရန် အကြံပြုပြောကြားလိုကြောင်း၊ ယခုအခါ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးကို ဦးစားပေးနေ သကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နေ သည့် အချိန်ကာလဖြစ်၍  လိုအပ်သည့်လုပ်ထုံး လုပ်နည်းများ ကျွမ်းကျင်သည့်ဝန်ထမ်းများ ဖြစ်လာရေး လေ့ကျင့်ပေးစေလိုကြောင်း ပြောကြားသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ အဆောက် အဦဦးစီးဌာနနှင့်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနတို့မှ စာတမ်းရှင်များက  ၎င်းတို့၏ အတွေ့အကြုံ၊ ဗဟုသုတ၊    နည်းပညာဆိုင်ရာစာတမ်းများကို  သက်ဆိုင်ရာခေါင်းစဉ်အလိုက် ရှင်းလင်းဖတ်ကြား ကြပြီး တက်ရောက်လာသည့် အရာထမ်း/အမှုထမ်း များက သိရှိလိုသည်များကို အပြန်အလှန်  နည်းပညာ ဗဟုသုတများ      ဆွေးနွေးဖလှယ်ကြသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန   Public  Works Department ၏ (၁၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ကြိုဆိုသောအားဖြင့် နည်းပညာ ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့တွင် ပြည်ထောင်စုဝန်ကြီးရုံး၊  အဆောက်အဦဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ  စာတမ်းရှင် များက  လည်းကောင်း၊ နိုဝင်ဘာ  ၂၃  ရက်တွင်    လမ်းဦးစီးဌာန၊   တံတားဦးစီးဌာနတို့မှ  စာတမ်းရှင် များက လည်းကောင်း၊ နိုဝင်ဘာ  ၂၄  ရက်တွင် ပြည်ထောင်စုဝန်ကြီးရုံး၊  မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ   စာတမ်းရှင်များကလည်းကောင်း    သက်ဆိုင်ရာခေါင်းစဉ်အလိုက်     ရှင်းလင်းဖတ်ကြား မည်ဖြစ်ကြောင်း သိရသည်။                  

သတင်းစဉ်