
နေပြည်တော် စက်တင်ဘာ ၈
ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနနှင့် China Harbour Engineering Co.,Ltd. တို့ “ဝ”တစ်လုံး ဥမင်လိုဏ်ခေါင်းစီမံကိန်း ဖြစ်တန်စွမ်း လေ့လာဆန်းစစ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန စုဝေး ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လမ်းဦးစီးဌာနနှင့် တံတား ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ ၊ အင်ဂျင်နီယာချုပ်များ၊ တာဝန်ရှိသူများ၊ China Harbour Engineering Co.,Ltd. မှ မန်နေဂျင်း ဒါရိုက်တာနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်က အမှာစကား ပြောကြားပြီး China Harbour Engineering Co.,Ltd. မှ မန်နေဂျင်းဒါရိုက်တာက ဆောင်ရွက်မည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်နှင့် China Harbour Engineering Co.,Ltd. မှ မန်နေဂျင်း ဒါရိုက်တာတို့က “ဝ” တစ်လုံး ဥမင်လိုဏ်ခေါင်း စီမံကိန်းဖြစ်တန်စွမ်း လေ့လာဆန်းစစ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် (MoU) လက်မှတ်ရေးထိုး ကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
သတင်းစဉ်