
အင်ကာရာ ဇွန် ၁၇
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာ မက်ဘင် ဆယ်လ်မင်န်သည် တူရကီနိုင်ငံသို့ လာမည့်သီတင်း ပတ်တွင် လာရောက်မည်ဖြစ် ကြောင်း တူရကီသမ္မတရုံးက ဇွန် ၁၇ ရက်က သတင်းထုတ်ပြန် လိုက်သည်။
ယခုခရီးစဉ်သည် ဆော်ဒီ ဝေဖန်ရေး သတင်းထောက် ဂျမားလ်ခါရှော့ဂီ ရက်စက်စွာ အသတ်ခံရပြီးနောက် တူရကီ နိုင်ငံသို့ လာရောက်သည့် ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဆယ်လ်မင်န်၏ ပထမဆုံး ခရီး စဉ်ဖြစ်သည်။
ခါရှော့ဂီ အသတ်ခံရမှုသည် ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ် သွားစေရုံ သာမက ဒေသတွင်း ပြိုင်ဘက်နိုင်ငံများကြား ဆက်ဆံ ရေးကို ကြီးမားသော ထိုးနှက်မှု တစ်ခုဖြစ်စေခဲ့သည်။
အိမ်ရှေ့ မင်းသားသည် လာမည့် ဗုဒ္ဓဟူးနေ့တွင် လာရောက်မည် ဖြစ်ကြောင်း၊ မိမိတို့သည် အိမ်ရှေ့မင်းသားကို အင်ကာရာရှိ သမ္မတနန်းတော် တွင် ကြိုဆိုသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ ရီဆက်ပ် တေရစ် အာဒိုဂန်က သတင်းထောက်များ ကို ပြောသည်။
ဆော်ဒီအိမ်ရှေ့ မင်းသား၏ ဇွန် ၂၂ ရက်ခရီးစဉ်အသေးစိတ်နှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ဆက်လက်ကြေညာသွားမည်ဖြစ် ကြောင်း တူရကီ အဆင့်မြင့်အရာရှိ တစ်ဦးက အေအက်ဖ်ပီသို့ ပြော သည်။ ၎င်း၏ ခရီးစဉ်အတွင်း သဘောတူညီချက် တော်တော် များများကို နှစ်နိုင်ငံ လက်မှတ် ရေးထိုးကြမည်ဖြစ်သည်။
အေအက်ဖ်ပီ