ဆော်ဒီအာရေဗျနိုင်ငံသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ထွက်ခွာ

 

ဝါရှင်တန်   ဇူလိုင်   ၁၃ 


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာ သွားပြီး    ရေနံထုတ်လုပ်သောနိုင်ငံများမှ    နိုင်ငံ့ခေါင်းဆောင်များ ကို      ရေနံတိုးမြှင့်ထုတ်လုပ်ရန်     တောင်းဆိုသွားမည်ဖြစ်ကြောင်း   အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

 


သမ္မတ  ဘိုင်ဒင်သည်   ဝါရှင်တန်အနီးရှိ   စစ်အခြေစိုက်စခန်းမှ ဇူလိုင် ၁၂ ရက်တွင် ထွက်ခွာသွားခြင်းဖြစ်ကြောင်း၊  အဆိုပါ ခရီးစဉ်သည် သမ္မတ တာဝန်များထမ်းဆောင်ပြီးနောက်  ၎င်း၏  ပထမဆုံးအရှေ့ အလယ်ပိုင်း ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

 

ဘိုင်ဒင်သည် အစ္စရေးနှင့် အနောက်ဘက်ကမ်းဒေသရှိ  ပါလက်စတိုင်းဒေသသို့ သွားရောက်ရန် စီစဉ်ထားသည်။   ဆော်ဒီအာရေဗျသို့ရောက်ရှိစဉ်     ဘိုင်ဒင်သည် ပင်လယ်ကွေ့နိုင်ငံများ အစည်းအဝေးကို  တက်ရောက်ရန်လည်း  စီစဉ် ထားကြောင်း သိရသည်။ ဘိုင်ဒင်၏ အဆိုပါ ခရီးစဉ်နှင့်ပတ်သက်ပြီး ဝေဖန်မှုရှိခဲ့ကြောင်း သိရသည်။                       

အင်န်အိတ်ချ်ကေ