ဆော်ဒီအာရေဗျနိုင်ငံမှ စက်သုံးဆီတင်သွင်းရန် လာအိုအစိုးရ စီစဉ်

 

ဗီယန်ကျင်း    ဇူလိုင်   ၂၇


လာအိုအစိုးရသည်   ဆော်ဒီ အာရေဗျနိုင်ငံမှ     စက်သုံးဆီ တင်သွင်းပြီး  နိုင်ငံမှ  လယ်ယာ ထွက်ကုန်များကို အဆိုပါ နိုင်ငံ သို့ တင်ပို့ရန် ရည်ရွယ်နေကြောင်း ဆင်ဟွာ      သတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ 

 


အဆိုပါ ကိစ္စရပ်နှင့်စပ်လျဉ်း ပြီး လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ကွန်မာဆစ် သည် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး   မင်းသား ဖိုင်ဆယ် ဘင်ဖာဟန်အယ်ဆပ်နှင့် ဗီဒီယို လင့်ခ်မှတစ်ဆင့်      ပြီးခဲ့သည့် ကြာသပတေးနေ့က ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။ အဆိုပါ နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး များသည် စီးပွားရေးနယ်ပယ်တွင် ဆက်ဆံရေး    ခိုင်မာစေရန်နှင့် ကုန်သွယ်မှု၊      ရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွင်    ပူးပေါင်းဆောင် ရွက်ရေး   ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေရန် ရည်ရွယ်ကြောင်း ပြောသည်။ 

 


လာအိုအစိုးရသည်    နိုင်ငံ အတွင်း   မေလနှင့်   ဇွန်လတွင် စက်သုံးဆီ   ပြတ်လပ်မှုဖြစ်ပေါ် ခဲ့ပြီးနောက်     ပြည်သူများ၏ လိုအပ်ချက်အတွက် စက်သုံးဆီ လုံလုံလောက်လောက် ထောက်ပံ့ ပေးနိုင်ရန်နှင့်       စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို  မြှင့်တင်ရန် ကတိပြုထားကြောင်း     သိရ သည်။

 

 
အဆိုပါ အွန်လိုင်းတွေ့ဆုံမှု အတွင်း လာအိုနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီး မှုနှင့်   ပူးပေါင်းဆောင်ရွက်ရေး တိုးလာစေရန်   အလေးအနက် ပြောကြားခဲ့ကြောင်း  သိရသည်။ ထို့အပြင် အဆိုပါ နှစ်နိုင်ငံသည် ဒေသတွင်းနှင့်      နိုင်ငံတကာ နယ်ပယ်တွင်  အချင်းချင်း ပံ့ပိုး ကူညီကြရန်လည်း  သဘောတူခဲ့ ကြကြောင်း သိရသည်။                                                                                                                                         
ဆင်ဟွာ