ဆွစ်ဇာလန်ကို သရေကျခဲ့သဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရန် အုပ်စုနောက်ဆုံးပွဲစဉ်ကို ‌ရေကုန်ရေခန်း ယှဉ်ပြိုင်ရတော့မည့် အီတလီ

 

၂၀၂၂   ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် အဖြစ် နိုဝင်ဘာ ၁၃ ရက် နံနက် ပိုင်းက အုပ်စု (C) မှ အီတလီနှင့် ဆွစ်ဇာလန်အသင်းတို့ ယှဉ်ပြိုင်  ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ အီတလီအသင်း အတွက်   သွင်းဂိုးကို   လော်ရန်ဇို က  သွင်းယူပေးပြီး  ဆွစ်ဇာလန် အသင်းအတွက် သွင်းဂိုးကို ဝစ်မာ က သွင်းယူပေးခဲ့သည်။

 


အီတလီအသင်းသည်    ယခု ပွဲစဉ်တွင်      သရေကျခဲ့သော ကြောင့်   ဆွစ်ဇာလန်အသင်းနှင့် ရမှတ်  ၁၅  မှတ်တူ  ဂိုးကွာခြားချက်ဖြင့်     အမှတ်ပေးဇယားတွင် ဦးဆောင်ထားသည်။   ဆွစ်ဇာလန် အသင်းအနေဖြင့်  အုပ်စုနောက်ဆုံး ပွဲစဉ်ဖြစ်သည့် ဘူလ်ဂေးရီးယား အသင်းနှင့်   ပွဲစဉ်တွင်   အနိုင်ရရှိ ခဲ့ပါကလည်း ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ရန် အီတလီ အသင်း၏   ရလဒ်ကို    စောင့်ကြည့်ရဦးမည်ဖြစ်သည်။ 

 


အီတလီအသင်းသည် ယနေ့ ပွဲစဉ်တွင် ဒွန်နာရမ်မာ၊ လော်ရန်ဇို၊ ဘိုနူချီ၊ ဂျော်ဂျင်ဟိုစသည့် အဓိက ကစားသမားအများစုဖြင့် ဆွစ်ဇာလန်အသင်းကို    ရင်ဆိုင်လာခဲ့ သည်။    ဆွစ်ဇာလန်အသင်းက လည်း ဆွန်မာ၊ ဝစ်မာ၊ ရိုဒရီဂွက်ဇ်၊ ရှာကွီရီ၊ အိုကာဖော်စသည့် အဓိက ကစားသမားအများစုကို အသုံးပြု ခဲ့သည်။   ယခုပွဲစဉ်အတွက် အဖွင့် ဂိုးကို ဆွစ်ဇာလန်အသင်းက ရရှိ ခဲ့ပြီး       ပွဲချိန်   ၁၁  မိနစ်တွင် အိုကာဖော်၏ ဖန်တီးမှုမှတစ်ဆင့် ဝစ်မာက သွင်းယူပေးခဲ့သည်။အဖွင့် ဂိုး    ခွင့်ပြုပေးလိုက်ရပြီးနောက် အီတလီအသင်းကလည်း ချေပဂိုး ရရှိရေး ကြိုးစားလာရာ ပွဲချိန် ၃၆ မိနစ်တွင်  ရရှိခဲ့ပြီး  အင်ဆစ်ဂ်နီ ဖန်တီးမှုမှတစ်ဆင့် လော်ရန်ဇိုက   သွင်းယူပေးနိုင်ခဲ့သည်။ 

 


ပွဲပြီးခါနီးတွင်       အီတလီ အသင်း ပယ်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့သော်လည်း    ဂျော်ဂျင်ဟို ကန်သွင်းရာ     လွဲချော်ခဲ့သည့် အတွက် ပွဲအပြီး တစ်ဂိုးစီသရေကျ ခဲ့သည်။ ပေါ်တူဂီအနေဖြင့် နိုဝင် ဘာ ၁၆  ရက်တွင်  ယှဉ်ပြိုင်ကစား မည့် မြောက်အိုင်ယာလန်အသင်း နှင့် ပွဲစဉ်ကို  ရေကုန်ရေခန်းယှဉ်ပြိုင် ကစားရတော့မည်ဖြစ်သည်။  

 


အခြားသော     ကမ္ဘာ့ဖလား ခြေစစ်ပွဲရလဒ်များတွင်  စကော့ တလန်က မော်လ်ဒိုဗာကို နှစ်ဂိုး-ဂိုးမရှိ၊     မြောက်အိုင်ယာလန် က လစ်သူယေးနီးယားကို   တစ်ဂိုး-ဂိုးမရှိ၊  ဩစတြီးယားက အစ္စရေး ကို   လေးဂိုး-နှစ်ဂိုး၊  ဒိန်းမတ်က     ဖာရိုးကျွန်းစုကို   သုံးဂိုး-တစ်ဂိုး၊    ပိုလန်က  အန်ဒိုရာကို   လေးဂိုး-တစ်ဂိုး၊  အင်္ဂလန်က   အယ်လ်ဘေး နီးယားကို ငါးဂိုး-ဂိုးမရှိ၊ ဟန်ဂေရီ က ဆန်မာရီနိုကို  လေးဂိုး-ဂိုး   မရှိ ဖြင့်  အနိုင်ရရှိခဲ့သည်။

အောင်ဇော်