
ဆစ်ဒနီ ဖေဖော်ဝါရီ ၃
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့၌ ဆိုက်ကပ်ထားသည့် ပင်လယ်အပျော်စီးသင်္ဘောပေါ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ခရီးသည်များကို ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။ ဖေဖော်ဝါရီ ၃ ရက်က အဆိုပါ အပျော်စီး သင်္ဘော မီးလောင်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်နှစ်ဦးမှာ ဆေးကုသမှုခံယူခဲ့ရသော်လည်း ဆေးရုံထိရောက်အောင် ပြင်းထန်ခြင်းမရှိဟု သိရသည်။
အဆိုပါသင်္ဘောပေါ်တွင် ခရီးသည် ၈၀၀ တင်ဆောင်ထားပြီး မီးတောက်ကို အချိန်မီငြှိမ်းသတ် နိုင်ခဲ့ကြောင်း၊ ထို့နောက် ပုံမှန်လုပ်ရိုးလုပ်စဉ်များကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဌာနမှ ကြီးကြပ်အုပ်ချုပ်သူ အဒမ်ဒရူးဘယ်ရီက ပြောသည်။
သင်္ဘောငါးထပ်မြောက် တည်းခိုဆောင်တွင် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး ငါးထပ်နှင့် ခြောက်ထပ်မှ ခရီးသည်များကိုကယ်တင်ခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။ မီးကြောင့် ထိခိုက်ခံစားခဲ့ရသူဦးရေကို စိစစ်ဆဲဖြစ်ကြောင်းနှင့် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းကို စုံစမ်းဆဲဖြစ်ကြောင်း ဒရူးဘယ်ရီက ပြောသည်။
ဆင်ဟွာ