
နေပြည်တော် ဖေဖော်ဝါရီ ၂၇
မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ် လုံးကြီးကျေးရွာကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၅ ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူ များ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေသည် ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်သမား များက စေတုတ္တရာမြို့နယ်အတွင်း ရှိ ကျေးရွာများတွင် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူတစ်ဦး၏ သတင်း ပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက အဆိုပါမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၅ ရက်တွင် လုံးကြီးကျေးရွာရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း နှင့် လူနေအိမ်များတွင် သဲအိတ် ဘန်ကာများ၊ ပစ်ကျင်းများဖြင့် ခံစစ်ဆင်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များ ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းမှ အကြမ်းဖက် သမားများ ဆုတ်ခွာထွက်ပြေးသွား ခဲ့ပြီး ၎င်းတို့ဆုတ်ခွာရာ လမ်း တစ်လျှောက်ရှိ နေအိမ်များ ကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် မီးလောင် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် နယ်မြေလုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းရေးကို ဒေသခံ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အတွက် အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်အားပေးမီဒီယာ များက ကောလာဟလသတင်း များဖြင့် သွေးထိုးလှုံ့ဆော်ပြီး နယ်မြေတည်ငြိမ်မှု ပျက်ပြားစေ ရန်အတွက် လုပ်ကြံရေးသားနေ ခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်