
စေတုတ္တရာ ဖေဖော်ဝါရီ ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင် စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ခြောက်လ တာကာလအတွင်း ငွေကျပ် ၁၁၇ ဒသမ ၃၅ သန်း အသုံးပြုကာ စေတုတ္တရာ မြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ဒီဇင်ဘာ လ ဒုတိယအပတ်မှ စတင်ဆောင် ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း အားလုံးရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း စေတုတ္တရာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းထံမှ သိရ သည်။
“သောက်သုံးရေ ရရှိရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ တွင်းတိမ်၊ တွင်းနက် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းတွေ၊ ချောင်း ရေတင်ခြင်း လုပ်ငန်းတွေနဲ့ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းတွေမှာ ရန်ပုံငွေရရှိမှု အပေါ် မူတည်ပြီး အမြင့်ပေ ၂၀ ရှိ အမြင့်တင်ရေစင်တွေ၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန်တွေ၊ ရေစက်ရုံတွေ တစ်ပါတည်း ဆောင်ရွက်ပေးပါတယ်။ မြေသား ရေကန်တူးဖော်ခြင်း လုပ်ငန်းမှာ ခြံစည်းရိုးကာရံခြင်းတွေ၊ အချို့ ရေကန်တွေမှာ လက်နှိပ်တုံကင် တပ်ဆင်တာတွေ ဆောင်ရွက်ပေး ပါတယ်။ လက်တူးတွင်းတူးဖော် ခြင်းလုပ်ငန်းမှာ လက်နှိပ်တုံကင် တပ်ဆင်တာတွေ ဆောင်ရွက်ပေး ပါတယ်။ အခြားရေရရှိရေးလုပ်ငန်း မှာ စင်မြင့်ရေစင်တည်ဆောက် တာတွေ၊ ရေပိုက်လိုင်းသွယ်တန်း ပေးတာတွေ၊ ရေမြှုပ်ပန့်လှဲလှယ် ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပေး တာဖြစ်ပါတယ်” ဟု မြို့နယ် ဦးစီးမှူး ဦးသိန်းဇော်ထွန်းက ပြောသည်။
အဆိုပါ သောက်သုံးရေရရှိရေး ဆောင်ရွက်သည့် ကျေးရွာရှစ်ရွာ မှာ သရက်ချောင်း၊ ပဇူ၊ ဝန်လို၊ ခြင်ပြင်ကိုင်း၊ ပေါက်ချောင်း၊ မြောင်ဦး၊ ထန်းကိုင်းနှင့် အောင်း ကျေးရွာများဖြစ်ပြီး အဆိုပါ ရေရှိရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးပါက ကျေးရွာရှစ်ရွာရှိ အိမ်ခြေ ၆၁၆၊ လူဦးရေ ၂၆၆၆ ဦး နှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။
ကိုလှိုင်(ကျေးလက်)