စေတနာ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်

 

 

နေပြည်တော်    စက်တင်ဘာ    ၂၈


ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များ ကြောင့်  စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ နှင့်   ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို   ထောက်ပံ့ လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ  ပဲခူးတိုင်းဒေသကြီး  တောင်ငူမြို့နယ် အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင်  ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များက တောင်ငူမြို့     ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌      သွားရောက်တွေ့ဆုံပြီး စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို ပေးအပ်ခဲ့သည်။
အလားတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စည်ပင်သာယာ ရေး  ဌာနရုံး၌ပြုလုပ်သည့်  စေတနာ့ဝန်ထမ်းများ  ဆင့်ပွားသင်တန်း ဖွင့်ပွဲသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့်  အဖွဲ့ဝင်များက တက်ရောက်၍  စေတနာ့ဝန်ထမ်းများအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ ရခိုင်ပြည် နယ် စစ်တွေမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများကို အနောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များက စစ်တွေမြို့    ပြည်နယ်ရဲတပ်ဖွဲ့ခန်းမ၌လည်းကောင်း    သွားရောက် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။                         သတင်းစဉ်