စေတနာထား၍ လုပ်ဆောင်ကြရမည်

စားရေးသောက်ရေးနှင့် ပတ်သက်၍ အဆင်ပြေချောမွေ့မှုရှိစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး၊ ဒေသအလိုက် စားရေရိက္ခာပေါများစေရေး ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အခြေခံအနေဖြင့် နိုင်ငံသားများ နှင့် တိုင်းပြည်၏ စီးပွားရေးကောင်းမွန်အောင် လုပ်ဆောင်ရန် အဓိကလိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း လုပ်ဆောင်ရသည့် တာဝန်များအလိုက် မိမိအလုပ်နှင့် တိုင်းပြည်အပေါ်တွင် စေတနာထား၍ လုပ်ဆောင်မည်ဆိုပါက မိမိတို့၏ လုပ်ဆောင်မှုများ အောင်မြင်နိုင်မည်ဖြစ်ပြီး  တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးနှင့်  ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားရေးကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်သဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စေတနာထား၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ။ 


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၃-၈-၂၀၂၁ ရက်နေ့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်)