စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများလာရောက်လှူဒါန်း

 

နေပြည်တော်   ဩဂုတ်   ၂၇  

 
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် တပ်မတော် သားများနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာ ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည်။ 
ထိုသို့လှူဒါန်းလျက်ရှိရာ   ယနေ့တွင်    ကချင် ပြည်နယ်အတွင်း   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အထောက် အကူပြုစေရန်အတွက် စေတနာရှင် အလှူရှင်ဖြစ် သည့် ဦးဘောမ်လန်း (မြန်မာဟိန်ယကုမ္ပဏီ)  မှ Oxygen   Plant   စက်တစ်လုံးကို  လည်းကောင်း၊ မွန်ပြည်နယ်နှင့်  ကရင်ပြည်နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်  အထောက်အကူဖြစ်စေမည့်    Oxygen      Plant ဝယ်ယူရန် စေတနာရှင်အလှူရှင်များဖြစ်ကြသည့် Steel Stone Co.Ltd   နှင့်    ငွေပွင့်လင်းကုမ္ပဏီတို့မှ အလှူငွေကျပ်သိန်း ၇၅၀၊ VII Investment Group Co.Ltd မှ အလှူငွေကျပ်သိန်း ၇၀၀ နှင့် PPE ဝတ်စုံ ၁၀၀၀ တို့ကိုလည်းကောင်း အသီးသီးလာရောက် လှူဒါန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ် (ဝဲပုံ)၊    တိုင်းစစ်ဌာနချုပ်များမှ    တိုင်းမှူးများနှင့် တာဝန်ရှိသူများက   လက်ခံရယူခဲ့ကြပြီး   ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
    

သတင်းစဉ်