“စေလိုရာစေ” တေးဂီတဖျော်ဖြေပွဲ  မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်    မေ   ၁၁


ပြည်သူများ   အပန်းပြေစေရန်၊   ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ  ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “စေလိုရာစေ”တေးဂီတဖျော်ဖြေပွဲကို  မေ ၁၃ ရက် (သောကြာနေ့) ည ၈ နာရီ သတင်းအပြီး တွင်  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 


ယင်းအစီအစဉ်ကို စန္ဒရားကွန်းဇော် တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များ         ဖြစ်ကြသည့်  တက္ကသိုလ်လဲ့လဲ့၊ နေဇင်အောင်၊ အိအိချွန်၊ ဘုန်းသစ်၊   ဂျင်းနီ၊   ဈာန်ထူး၊  ဝင်းလဲ့ချယ်ရီ၊ အိဟေမာန်၊ စိမ်းမို့မို့ နှင့် ဆူးနှင်းဆီတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

 


ထိုသို့တင်ဆက်မှုကို မေ ၁၅ ရက်  (တနင်္ဂနွေနေ့)  နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။                                      

 သတင်းစဉ်