စောင်းညှို့သံနှယ် ကဗျာတစ်ရာ့နှစ်ဆယ် စာအုပ်ထွက်ရှိ

 

နေပြည်တော်  ဇန်နဝါရီ   ၁၉


အမျိုးသားစာပေတစ်သက်တာဆုရ      အလင်္ကာကျော်စွာစည်သူ တက္ကသိုလ်မြတ်သူ၏   စောင်းညှို့သံနှယ်  ကဗျာတစ်ရာ့နှစ်ဆယ် စာအုပ်ထွက်ရှိလာသည်။

 


၁၉၅၇ ခုနှစ်မှစ၍ ပြည်တော်စိုး၊ ခေတ်သစ္စာ၊ ပြည်သူ့အိုးဝေ၊ အမျိုးသား၊ ဗိုလ်တထောင်၊ လုပ်သားပြည်သူ့နေ့စဉ်၊ ကြေးမုံ၊ မြန်မာ့ အလင်း၊ ဟံသာဝတီ  စသည့် သတင်းစာတိုက်ကိုးတိုက်တွင် သတင်း ထောက်၊ အယ်ဒီတာ၊ ဒုတိယအယ်ဒီတာချုပ်၊   အယ်ဒီတာချုပ် တာဝန်များထမ်းဆောင်ခဲ့သူ  သတင်းစာဆရာတစ်ဖြစ်လဲ   ဆရာကြီး တက္ကသိုလ်မြတ်သူ၏ လက်ရာမွန် ကဗျာ စာအုပ်တွင် သံဝေဂမှရှေ့သို့၊ ဆောင်းသူငယ်မ၏ ရှက်ပြုံး၊ စောင်းအိုရှင်၊ ကဗျာဆရာ၏ စေတနာ၊ မဆုံးနိုင်သော ခရီး၊ အမျိုးသားနေ့မှ စနစ်သစ်ပညာရေးသို့၊ ကိုလိုနီ ခေတ်တုန်းက၊ ဘီလူးစည်း…လူ့စည်း၊ တိုက်ပွဲအပြန်၊ စိမ်းနေဦးမည့် မြန်မာ့မြေ၊ စိန်ရတုကာလ မြန်မာ့လွတ်လပ်ရေး၊ ရွှေနိုင်ငံသို့၊  မြန်မာ့ လွတ်လပ်ရေးမော်ကွန်းအစရှိသည့်    ကဗျာပုဒ်ရေ   ၁၂၀   ကျော် ပါဝင်သည်။

 


အထွေထွေအလီလီ စုံလင်လှသည့်  သူ့ဘဝအတွေ့အကြုံများနှင့် ကဗျာဉာဏ်ကို ဖော်ကြူးနေသည့်    “စောင်းညှို့သံနှယ်   ကဗျာ တစ်ရာ့နှစ်ဆယ်    စာအုပ်”  ကို တန်ဖိုးငွေကျပ်    ၄၅၀၀    ဖြင့် အမှတ်(၃၈၅/၃၈၇)၊ ရွှေဘုံသာ လမ်း၊ ၂၉ လမ်းကြား ဗိုလ်ချုပ် လမ်း     ရန်ကုန်မြို့      မိုးကျော် စာပေ   ၀၉-၇၃၀၂၉၅၉၁၊ ၀၉-၇၃၂၄၅၂၅၇ တို့သို့ ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။


မြန်မာ့အလင်း