CDF အမည်ခံအကြမ်းဖက်အဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားရှိ သီးမြစ်ချောင်းကူးတံတား ပြန်လည်ပြုပြင်ပြီးစီး၊ မော်တော်ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁၁


NUG နှင့်   PDF  အမည်ခံ အကြမ်းဖက်သမားများသည်    အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထု များနှင့်  တရားဥပဒေစိုးမိုးရေးအတွက်  ဆောင်ရွက်နေသည့်  အုပ်ချုပ်ရေးတာဝန်ရှိသူများအား  ထိခိုက် ဒဏ်ရာရရှိစေရန်နှင့်  လမ်းပန်းဆက်သွယ်မှုများ   လုံခြုံချောမွေ့မှုမရှိစေရေး  ရည်ရွယ်ချက်များဖြင့် အများ ပြည်သူအသုံးပြုသည့် လမ်းကြောင်းများနှင့်  တံတားများအား    မိုင်းထောင် ဖောက်ခွဲခြင်း၊     ပစ်ခတ်တိုက်ခိုက် ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့    လုပ်ဆောင်လျက်ရှိရာ CDF     အမည်ခံ    အကြမ်းဖက်  အဖွဲ့များသည်      ဟားခါးမြို့နှင့် ထန်တလန်မြို့ကို  ဆက်သွယ်ထား သည့်   ဟားခါးမြို့၏    အနောက် ဘက် ၇ မိုင်ခန့်အကွာရှိ   အရှည် ပေ ၇၀၊ အကျယ် ပေ ၃၀ ရှိ သံကူ ကွန်ကရစ်အမျိုးအစား    သီးမြစ် ချောင်းကူးတံတားအား    ၂၀၂၁ ခုနှစ်   အောက်တိုဘာ  ၂၂  ရက် နံနက်  ၈ နာရီခွဲခန့်တွင်  ဒေသန္တရ လက်လုပ်မိုင်းများဖြင့်    ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ    တံတားကြမ်းခင်း များ ကျိုးကျပေါက်ပြဲ  ပျက်စီးခဲ့ပြီး မော်တော်ယာဉ်များ    ဖြတ်သန်း သွားလာနိုင်ခြင်းမရှိသဖြင့်  ဒေသ တွင်းကုန်စည်စီးဆင်းမှု    အခက် အခဲများ ဖြစ်ပေါ်ခဲ့သည်။

 


အဆိုပါ CDF အမည်ခံအကြမ်း ဖက်အဖွဲ့များ၏    ဖောက်ခွဲဖျက်ဆီး ခဲ့သည့်   သီးမြစ်ချောင်းကူးတံတား အား ဒေသခံပြည်သူများ  သွားလာ မှု       အဆင်ပြေစေရေးအတွက် နယ်မြေခံ တပ်မတော်သားများက လိုအပ်သည့်     လုံခြုံရေးလုပ်ငန်း များ    ဆောင်ရွက်ခဲ့ပြီး    နယ်မြေခံ စစ်မြေပြင်   အင်ဂျင်နီယာအဖွဲ့များ က ချင်းပြည်နယ်  တံတားအထူး အဖွဲ့(၁)မှ      အင်ဂျင်နီယာများနှင့် အတူ        ဘေလီပေါင်တစ်လွှာ တပ်ဆင်ခြင်း၊  တံတားယက်မတပ် ဆင်ခြင်း၊    ချုပ်တန်းတပ်ဆင် ခြင်း၊   အခင်းခင်းခြင်း၊  ချဉ်းကပ် လမ်းဖောက်လုပ်ခြင်း  စသည့်ပြန် လည်ပြုပြင်      တည်ဆောက်ခြင်း လုပ်ငန်းများအား  ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်  စက်တင်ဘာ ၂၄ ရက် တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးခဲ့ကာ ယခုအခါ      မော်တော်ယာဉ်များ ပုံမှန်အတိုင်း    ပြန်လည်ဖြတ်သန်း သွားလာလျက်     ရှိကြောင်းနှင့် လမ်းပန်း       ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများ  ပြန်လည် ကောင်းမွန်လျက်ရှိကြောင်း   သိရှိ ရသည်။

 


အများပြည်သူ သွားလာအသုံး ပြုလျက်ရှိသည့်    လမ်းမကြီးများ နှင့် တံတားများအား မိုင်းထောင် ဖောက်ခွဲ        ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည့်     CDF အမည်ခံ       အကြမ်းဖက်အဖွဲ့များ အား  ဥပဒေနှင့်အညီ  ထိရောက် စွာ     အရေးယူနိုင်ရေး     စုံစမ်း ဖော်ထုတ်လျက်        ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ဒေသ      တည်ငြိမ်အေးချမ်းရေး အတွက်    လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ   ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း   သတင်းရရှိ သည်။  

                   

သတင်းစဉ်