စစ်တုရင်အားကစားနည်းမှ မျိုးဆက်သစ် လူငယ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရေး ဆောင်ရွက်လျက်ရှိ

 

မကွေး      ဩဂုတ်     ၃


မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ငါးခရိုင် အမျိုးသား အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့က   တိုင်းဒေသကြီး  အားကစားခန်းမ၌ ကျင်းပရာ    တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား  ပြောကြားကာ  ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။

 


အခမ်းအနားတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ်က မျိုးဆက်သစ် လူငယ်ရွက်ပုန်းသီး အားကစားသမား များ ပေါ်ထွက်လာစေရန်နှင့် မြို့နယ်အတွင်း နေထိုင် သောလူငယ်များ စစ်တုရင်အားကစားနည်းကို ပိုမို စိတ်ဝင်စားလာပြီး    မိမိတို့   ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့်   ကစားရာမှ     တိုင်းဒေသကြီး ကိုယ်စားပြု စစ်တုရင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့်   ကျင်းပ ရခြင်းဖြစ်ကြောင်း၊ စစ်တုရင်ကစားနည်းသည် တစ်ဦးချင်း ယှဉ်ပြိုင်ရသည့်  အားကစားနည်းဖြစ်ပြီး  မိမိတို့၏ ကိုယ်ပိုင်ဖြတ်ထိုးဉာဏ်နှင့်    စဉ်းစားတွေးခေါ်နိုင်မှု တို့ကို ပေါင်းစပ်ပြီး ယှဉ်ပြိုင်ရသည့်  အားကစားနည်း တစ်ခုဖြစ်ကြောင်း၊   တခြားအားကစားနည်းများ ယှဉ်ပြိုင်ကြရာမှာ   ကိုယ်ခန္ဓာ၏   လှုပ်ရှားနိုင်စွမ်း လျင်မြန်ဖျတ်လတ်မှု(ကာယ)ကို       အသုံးချ၍ ယှဉ်ပြိုင်ကစားကြရပြီး စစ်တုရင်အားကစားနည်း မှာ မိမိတို့၏ ဦးနှောက်ပိုင်းဆိုင်ရာ စဉ်းစားတွေးခေါ် နိုင်စွမ်း ဉာဏ်ရည်(ဉာဏ)ကို အသုံးချပြီး  ယှဉ်ပြိုင် ကစားကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ဉာဏ်ရည် ဉာဏ်သွေးများကို  အခြေခံပြီး လုံ့လ ဝီရိယနှင့်    မပြတ်တမ်းအားထုတ်မှု၊    သင်ယူမှု၊ ဆင်ခြင်သိတတ်မှုများကို ပေါင်းစပ်ပြီး စစ်တုရင် အားကစားနည်းကို      ပိုမိုလေ့လာသင်ယူရင်း ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ပြိုင်ပွဲတွင်  အကဲဖြတ်ပေးကြမည့်   ဒိုင်လူကြီးများ အနေဖြင့် သတ်မှတ်ထားသော   ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ    ဥပဒေဘောင်အတွင်းမှ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းနှင့် အားကစားသမားများကလည်း ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကို ကျေကျေနပ်နပ် လက်ခံလိုက်နာစေလိုကြောင်း စသည်ဖြင့်    အမှာ စကား ပြောကြားသည်။

 


ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက  အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆို၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က   ပထမဆုံးရွေ့ကွက်ရွေ့၍  ပြိုင်ပွဲကို ဖွင့်လှစ်ပေးကာ စစ်တုရင်ပြိုင်ပွဲ ပြိုင်ပွဲဝင်ကစားသမား များ ယှဉ်ပြိုင်ကစားနေမှုကို  တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက  လိုက်လံကြည့်ရှုအားပေးခဲ့ ကြောင်းနှင့် အဆိုပါပြိုင်ပွဲကို သြဂုတ် ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်ညီညာ