စစ်တက္ကသိုလ်သည်  အနာဂတ်ခေါင်းဆောင်များကို  မွေးထုတ်ပေးရာ ကျောင်းတော်ကြီးတစ်ခုဖြစ်သဖြင့်  အရည်အချင်းပြည့်ဝပြီး  ကိုယ်ရည်ကိုယ်သွေးမြင့်မားသည့် ဗိုလ်လောင်းများထွက်ပေါ်လာစေရန်  စနစ်တကျကြပ်မတ် မွေးထုတ်ပေးရမည်    ဗိုလ်လောင်းအိပ်ဆောင်များ၊ စားရိပ်သာနှင့် စားချက

 

 

နေပြည်တော်  စက်တင်ဘာ   ၁၄


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည်  ယနေ့  နံနက်ပိုင်းတွင်    ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်၌    ပြုလုပ်သည့်  စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၄) စစ်လက်ရုံး ရွေးချယ်ပွဲသို့   ဆက်လက်   တက်ရောက်    စိစစ် ရွေးချယ်သည်။
အဆိုပါ   စစ်လက်ရုံးရွေးချယ်ပွဲသို့   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်   တိုင်းမှူး   ဗိုလ်ချုပ်   ကိုကိုဦး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗိုလ်လောင်းများအား စာပေ ပညာ၊    စစ်ပညာ    ဘာသာရပ်အလိုက်    ထူးချွန် ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများ အပေါ်မူတည်၍    သင့်လျော်သည့်   တပ်မတော် (ကြည်း၊  ရေ၊  လေ)  စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့ကြသည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ ဝင်များသည် ဗိုလ်လောင်းအိပ်ဆောင်များ၊ စားရိပ် သာနှင့် စားချက်ဆောင် တို့အား လိုက်လံကြည့်ရှု စစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ထိုသို့    လိုက်လံ ကြည့်ရှုစစ်ဆေးစဉ်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်သည် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးရာကျောင်းတော်ကြီးတစ်ခုဖြစ်သဖြင့် အရည်အချင်းပြည့်ဝပြီး ကိုယ်ရည်ကိုယ်သွေးမြင့်မား သည့်  ဗိုလ်လောင်းများထွက်ပေါ်လာစေရန်  စနစ် တကျ  ကြပ်မတ်   မွေးထုတ်ပေးရမည်ဖြစ်ကြောင်း၊ အခြေခံ နေထိုင်သွားလာ စားသောက်မှု ပုံစံများမှ အစပြု၍   အရာရှိတစ်ဦးနှင့်  လျော်ညီစွာ   နေထိုင် သွားလာပြုမူတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိအောင်  စနစ်တကျပြုစုပျိုးထောင်   လေ့ကျင့် သင်ကြားပေး ရမည်ဖြစ်ကြောင်း၊ ဗိုလ်လောင်းတစ်ဦး အနေဖြင့်   ရသင့်ရထိုက်သည့်    စစ်ဝတ်အသုံး အဆောင်ပစ္စည်းများကို သတ်မှတ်ကာလများအတိုင်း ထုတ်ပေးသွားရန်လိုပြီး    မိမိတို့နေထိုင်ရသည့် အိပ်ဆောင်တွင် စည်းကမ်းစနစ်တကျနေထိုင်တတ် စေရန်နှင့် အသုံးအဆောင်ပစ္စည်းများကို စနစ်တကျ ဖြင့် အသုံးပြုတတ်စေရန် ကြပ်မတ်လေ့ကျင့်ပေး ကြရမည်ဖြစ်ကြောင်း၊    စားရိပ်သာများအနေဖြင့် တစ်နေ့တာ ရသင့်ရထိုက်သည့် အချိုးအစားအတိုင်း စနစ်တကျတွက်ချက်  ချက်ပြုတ်ကျွေးမွေးရန်နှင့် စားရိပ်သာများ၊ စားချက်ဆောင်များ သန့်ရှင်းသပ်ရပ် ပြီး ကျန်းမာရေးနှင့် ကိုက်ညီမှုရှိအောင် ကြပ်မတ် ဆောင်ရွက်ကြရန်    လိုကြောင်းဖြင့်   မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက်           နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်   အဖွဲ့ဝင်များသည်    အောင်ဇေယျတပ်ရင်း ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသား ဗိုလ်လောင်း များနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ ကြကြောင်း သတင်းရရှိသည်။                သတင်းစဉ်