
နေပြည်တော် ဒီဇင်ဘာ ၃
စစ်တက္ကသိုလ်၏ (၆၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင် တပ်နယ်ရှိ စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဇော်မင်းလတ်၊ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူး ချုပ် သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင် များ တက်ရောက်ကြသည်။
ဦးစွာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခ ချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်းသဘင်ခန်းမ သို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူ ကြပြီး နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပ ကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်း ရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိ ခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။
ယင်းနောက် ပါမောက္ခချုပ်က ဝိဇ္ဇာဘွဲ့ရရှိသူ ၅၅ ဦး၊ စီးပွားရေးပညာဘွဲ့ရရှိသူ ၁၇ ဦး၊ ဝါဏိဇ္ဇဘွဲ့ ရရှိသူ ကိုးဦး၊ သိပ္ပံဘွဲ့ရရှိသူ ၂၀၆ ဦး၊ ကွန်ပျူတာ သိပ္ပံဘွဲ့ရရှိသူ ၈၁ ဦးနှင့် ကွန်ပျူတာနည်းပညာဘွဲ့ ရရှိသူ ၇၉ ဦး စုစုပေါင်း ၄၄၇ ဦးတို့ကို ဘွဲ့လက်မှတ် များ ချီးမြှင့်အပ်နှင်းသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ဘွဲ့ရရှိသူများ ကို ဘွဲ့များနှင့်လျော်ညီသော အမှတ်လက္ခဏာ ဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ်တွင် လက်မှတ် ရေးထိုးသည်။
ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်း ကြောင်း ကြေညာကာ စစ်တက္ကသိုလ် ကျောင်းအုပ် ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ သည် ဘွဲ့နှင်းသဘင်ခန်းမမှ ပြန်လည်ထွက်ခွာကြ သည်။
စစ်တက္ကသိုလ်အနေဖြင့် ပထမအကြိမ်ဘွဲ့နှင်း သဘင်မှ ယခု (၆၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ ကျောင်းဆင်းအရာရှိပေါင်း ၃၃၅၁၂ ဦးကို အခြေခံ ဘွဲ့များ ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်