
နေပြည်တော် ဒီဇင်ဘာ ၈
စစ်တက္ကသိုလ်၏ (၆၂) ကြိမ် မြောက် ဘွဲ့နှင်းသဘင်အခမ်း အနားကို ယနေ့နံနက်ပိုင်း တွင် ပြင်ဦးလွင်တပ်နယ်ရှိ စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းလတ်၊ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက် ရောက်ကြသည်။
ဦးစွာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ် နှင့် ပညာရေးအဖွဲ့ဝင်များ ဘွဲ့နှင်း သဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ်နေရာများတွင် နေရာယူ ကြပြီးနောက် နိုင်ငံတော်သီချင်း တီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်း အနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်း ရမည့် ကျင့်ဝတ်များကို လိုက်နာ ကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်း ကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ် က ဝိဇ္ဇာဘွဲ့ရရှိသူ ၆ဝ ၊ စီးပွားရေး ပညာဘွဲ့ရရှိသူ ၂ဝ ၊ ဝါဏိဇ္ဇဗေဒဘွဲ့ ရရှိသူ ၁ဝ ဦး၊ သိပ္ပံဘွဲ့ရရှိသူ ၂၇၆ ဦး၊ ကွန်ပျူတာသိပ္ပံဘွဲ့ရရှိသူ ၁၁၄ ဦးနှင့် ကွန်ပျူတာနည်းပညာဘွဲ့ ရရှိသူ ၁ဝ၈ ဦးတို့ကို ဘွဲ့လက်မှတ် များ ချီးမြှင့်အပ်နှင်းသည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့ရ သူများကို ဘွဲ့များနှင့် လျော်ညီ သော အမှတ်လက္ခဏာဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင် မှတ်တမ်းစာအုပ် တွင် လက်မှတ်ရေးထိုးသည်။
ယင်းနောက် ပါမောက္ခချုပ် က ဘွဲ့နှင်းသဘင်မိန့်ခွန်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမမှ ပြန်လည်ထွက်ခွာသွား ကြသည်။
စစ်တက္ကသိုလ်အနေဖြင့် ပထမ အကြိမ် ဘွဲ့နှင်းသဘင်မှ ယခု (၆၂) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အထိ ကျောင်းဆင်းအရာရှိပေါင်း ၃၃ဝ၆၅ ဦးကို အခြေခံဘွဲ့များ ပေးအပ် ချီးမြှင့်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်