စစ်တွေတက္ကသိုလ်၌ တပ်မတော်မှ တပ်စွဲနေသည်ဟု ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် သတင်းတု သတင်းမှားများ ဖြန့်ဝေ

နေပြည်တော်  နိုဝင်ဘာ  ၂၈ 
AA အဖွဲ့၏   ထိုးစစ်အရှိန်မြှင့်လာသဖြင့်   စစ်တွေ တက္ကသိုလ်ဝင်းထဲ၌      နိုဝင်ဘာ   ၂၇ ရက်တွင် တပ်မတော်သားများ  ဝင်ရောက်တပ်စွဲနေရာယူပြီး မြို့တွင်း  အထပ်မြင့်အဆောက်အဦများပေါ်၌ အထိုင် ချရန် ပြင်ဆင်နေကြောင်းနှင့် ထိုသို့နေရာယူခြင်းသည် ကျောင်းသား  ကျောင်းသူများ၊ တက္ကသိုလ်ဝန်ထမ်း များ၊  ဆရာ  ဆရာမများအား လူသားဒိုင်းအဖြစ် အသုံးချခြင်းဖြစ်သည်ဟု မဟုတ်မမှန်သတင်းများကို တရားမဝင်  ပြည်ဖျက်မီဒီယာများမှတစ်ဆင့် လူမှု ကွန်ရက်စာမျက်နှာများတွင် သတင်းတုသတင်းမှား များ ရေးသားဖြန့်ဝေလျက်ရှိသည်။
အဆိုပါ     သတင်းနှင့်ပတ်သက်၍    စစ်တွေ တက္ကသိုလ်၌ တပ်မတော်မှဝင်ရောက်တပ်စွဲ  နေရာ ယူခြင်းများမရှိကြောင်းနှင့်  ကျောင်းဖွင့်ချိန်များတွင် ကျောင်းသား   ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနိုင်ရေးအတွက် ကျောင်းဝင်းဧရိယာပြင်ပ၌ လုံခြုံရေးတာဝန်   ထမ်းဆောင်ပေးခြင်းများသာ    ရှိ ကြောင်း    သက်ဆိုင်ရာ    တာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းချက်များအရ သိရှိရသည်။
တရားမဝင်   ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်အပေါ်   နိုင်ငံတကာနှင့်  ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် ကျောင်းသား  ကျောင်းသူ များ၊  တက္ကသိုလ် ဝန်ထမ်းများ၊ ဆရာ  ဆရာမများအား လူသားဒိုင်းအဖြစ် အသုံးချခြင်းဖြစ်သည်ဟု မဟုတ် မမှန်သတင်းများကို  ရည်ရွယ်ချက်ရှိရှိ ရေးသားခြင်း သာဖြစ်ကြောင်း၊   လွိုင်ကော်တက္ကသိုလ်၌   ဖြစ်ပွားခဲ့ သော  ဖြစ်စဉ်များအရ အကြမ်းဖက်သမားများ အနေ ဖြင့်  ဆရာ  ဆရာမများ၊ ကျောင်းသား  ကျောင်းသူ များနှင့်    မိသားစုဝင်များကို   တက္ကသိုလ်ဝင်းထဲမှ ကယ်ထုတ်သည်ဟုဆိုကာ   အတင်းအဓမ္မ   ဖမ်းဆီး ခေါ်ဆောင်သွား၍ လူသားဒိုင်းအဖြစ် အသုံးချလျက် ရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး ပြည်ဖျက် မီဒီယာ များအနေဖြင့် အကြမ်းဖက်သမားများ၏  လုပ်ရပ် များအား ဖုံးကွယ်ပေးရန်နှင့် တပ်မတော်မှ နယ်မြေ လုံခြုံရေးတာဝန်      ထမ်းဆောင်နေမှုများအပေါ် ပြည်သူလူထုမှ  အထင်အမြင်လွဲမှားစေရန်  ယခုကဲ့သို့ မဟုတ်မမှန် သတင်းတု သတင်းမှားများ  ထုတ်ပြန် ရေးသားကာ  တပ်မတော်၏ ပုံရိပ်ကျဆင်းအောင် တမင်ဖန်တီး တိုက်ခိုက်နေခြင်းဖြစ်ကြောင်း  သတင်း ရရှိသည်။                       သတင်းစဉ်