စစ်တွေမြို့ရှိ သိန်းတန်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှာက်ပေးနေမှုအား ကြည့်ရှုအားပေး

 

နေပြည်တော်   ဇွန်    ၇


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး  ကွပ်ကဲမှုအောက် အထူးဆေးကုသ ရေးအဖွဲ့၊    အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသ ရေးအဖွဲ့များနှင့် ကျန်းမာရေးဦးစီး ဌာနများမှ ကျန်းမာရေးဝန်ထမ်း များက ရခိုင်ပြည်နယ်အတွင်း မိုခါ မုန်တိုင်းသင့်ဒေသများမှ ဒေသခံ ပြည်သူများအား မြို့နယ်အလိုက်  သတ်မှတ်နေရာများတွင် ကျန်းမာ ရေးစောင့်ရှောက်မှု    လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက် ရှိသည်။

 


ထိုသို့   ဆောင်ရွက်ပေးလျက် ရှိရာ  ယနေ့တွင်   ဆေးကုသရေး အဖွဲ့များက     စစ်တွေမြို့နယ် သိန်းတန်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ မုန်တိုင်းဒဏ်သင့်  ဒေသခံပြည်သူများအား သွေးတိုး ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့်ပတ်သက်၍ လိုအပ် သည့် ကျန်းမာရေးစောင့်ရှောက် မှု      လုပ်ငန်းများ       ဆောင်ရွက် ပေးသည်။

 


ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ  ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်    တိုင်းမှူး      ဗိုလ်ချုပ် ထင်လတ်ဦးနှင့်  အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု    အားပေးပြီး         လိုအပ်သည်များ ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်