စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ

နေပြည်တော်  ဇွန်   ၂
ဆိုင်ကလုန်းမုန်တိုင်း     (မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့သည့်  စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူ များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ၏    စားသောက်ရေးအဆင်ပြေ စေရန်နှင့်     မိမိတို့     အလိုရှိရာ စားသောက်ကုန်  ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေး    အတွက် အနောက်ပိုင်းတိုင်း   စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက   ယနေ့တွင် စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီး ဟင်းရွက်များ၊     ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်    တပ်မတော် စက်ရုံများနှင့်  မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ   ထုတ်လုပ် သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ် နှင့်   စည်သွတ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊ ကြက်သား အာလူးဘူး၊ ငါးတန် အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက်ကုန်ပစ္စည်း များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စားကုန်ပစ္စည်းများ၊     လျှပ်စစ် ပစ္စည်းများနှင့်    အိမ်ဆောက် ပစ္စည်းများကို  ပြင်ပပေါက်ဈေး ထက်  သက်သာသောဈေးနှုန်းများ ဖြင့်   ရောင်းချပေးခဲ့ရာ   ဒေသခံ ပြည်သူများနှင့်    ဌာနဆိုင်ရာ   ဝန်ထမ်းမိသားစုများက   တစ်ခဲ နက်    ဝယ်ယူခဲ့ကြကြောင်းနှင့်     ယခုကဲ့သို့   စားရေးအခက်အခဲ ဖြစ်ပေါ်နေချိန်တွင် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးမှု အပေါ်   တာဝန်ရှိသူများအား အထူးပင် ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။      သတင်းစဉ်