စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

 

နေပြည်တော်   ဇူလိုင်   ၅
ဆိုင်ကလုန်းမုန်တိုင်း       (မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်     စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူ များနှင့်     ဌာနဆိုင်ရာဝန်ထမ်း များ၏   စားသောက်ရေးအဆင်ပြေ စေရန်နှင့်        မိမိတို့အလိုရှိရာ စားသောက်ကုန်  ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေး     အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ   တပ်မတော်သားများ နှင့်   တာဝန်ရှိသူများက    နေ့စဉ် ရောင်းချပေးလျက်ရှိသည်။
ဆက်လက်ရောင်းချပေး
ယနေ့တွင်လည်း  စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား/ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများ၊ ဟင်းသီးဟင်းရွက် များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့်    တပ်မတော်စက်ရုံများနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ  ထုတ်လုပ်သည့်   ခေါက်ဆွဲ ခြောက်၊ ဘီစကွတ်နှင့် စည်သွတ် ဘူးများဖြစ်သည့်   အမဲသားဘူး၊ မျှစ်စားတော်ပဲဘူး၊   ကြက်သား အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊    ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး     စသည့် စားသောက်ကုန်များ၊     မြန်မာ့ စီးပွားရေးဦးပိုင်        အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် အရောင်းဆိုင်များ၏   စားကုန် ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်ဆောက်ပစ္စည်းများကို ပြင်ပ ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့်     ဆက်လက် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့်    ဌာန ဆိုင်ရာ     ဝန်ထမ်းမိသားစုများ က    တစ်ခဲနက်  ဝယ်ယူအားပေး ကြောင်းနှင့်  ယခုကဲ့သို့   စားရေး အခက်အခဲ  ဖြစ်ပေါ်နေချိန်တွင် သက်သာသော  ဈေးနှုန်းများဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူ များအား  အထူးပင်ကျေးဇူးတင် ရှိကြောင်း သတင်းရရှိသည်။       
သတင်းစဉ်