စစ်တွေမြို့ရှိ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများ၌ တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

 

နေပြည်တော်   မတ်   ၂၁


ရခိုင်ပြည်နယ်အတွင်း    ဒေသ ကောင်းစားရေးဟု         သုံးနှုန်း၍ အမှန်တကယ်တွင်      အဖျက် အမှောင့်        လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိသည့် AA  အကြမ်းဖက်သောင်း ကျန်းသူများသည် ရခိုင်ပြည်နယ် အတွင်း     တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့်  ဒေသခံများ၏ လူမှုစီးပွားဘဝများ  ပျက်စီးဆုံးရှုံး စေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ် မဟုတ်သည့်  ပြည်သူများ နေထိုင် ရာ  မြို့၊  ရွာ၊ ရပ်ကွက်များအား တိုက်ပွဲများ       ဖော်ဆောင်ခြင်း၊ သာသနိက အဆောက်အဦများနှင့် စာသင်ကျောင်းများ     အတွင်းသို့ Drop Bomb   များဖြင့်    ပစ်ချ တိုက်ခိုက်ခြင်း၊  လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်      လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့်  ၎င်းတို့၏လုပ်ရပ်များအား ဒေသခံ ပြည်သူများအနေဖြင့် လုံးဝလက်ခံ နိုင်မှုမရှိဘဲ     ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။


ထိုသို့  ကန့်ကွက်ရှုတ်ချလျက် ရှိရာ    ယနေ့မွန်းလွဲပိုင်းတွင် လည်း  ရခိုင်ပြည်နယ်  စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၊    ကသဲ ရပ်ကွက်နှင့် သန်တော်လီရပ်ကွက် များမှ ဒေသတည်ငြိမ်အေးချမ်းရေး ကို လိုလားသည့် ဘင်္ဂါလီလူမျိုးများ သည် သတ်မှတ်နေရာများ၌ စုဝေး ပြီး ၎င်းစုရပ်နေရာမှ  သတ်မှတ်    လမ်းကြောင်းများအတိုင်း ငြိမ်းချမ်း စွာ   စီတန်းလှည့်လည်ချီတက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။


ချီတက်ရာ  လမ်းတစ်လျှောက် တွင် “AA အလိုမရှိ၊  စစ်တွေမြို့ကို ကာကွယ်ကြ၊  တိုက်ပွဲအလိုမရှိ၊ တိုင်းပြည်  တည်ငြိမ်အေးချမ်းရေး ကို  ဖျက်ဆီးနေသည့်   NUG/AA အလိုမရှိ၊   လူနေရပ်ကွက်ထဲကို လက်နက်ကြီးနဲ့     ပစ်ခတ်နေတဲ့ AA သောင်းကျန်းသူများ  အလိုမရှိ၊ ကျွန်ုပ်တို့သည်   ပြည်တွင်းစစ်ကို မလိုလားပါ” စသည့် ကြွေးကြော် သံများကို မြန်မာ/ဘင်္ဂါလီ နှစ်ဘာ သာဖြင့်     သံပြိုင်ကြွေးကြော်၍ ငြိမ်းချမ်းစွာဖြင့်  ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်