စစ်တွေမြို့ပေါ်ရပ်ကွက်များသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားစတင်ဖြန့်ဖြူး

 

စစ်တွေ   ဇွန်   ၇
စစ်တွေမြို့ပေါ်    ရပ်ကွက်များသို့ နိုင်ငံတော်ဓာတ်အား     စနစ်မှ ဓာတ်အားစတင်   ဖြန့်ဖြူးခြင်း အခမ်းအနားကို ယနေ့ညပိုင်းတွင် စစ်တွေမြို့ (၆၆/၁၁)ကေဗွီ စစ်တွေ ဓာတ်အားခွဲရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင် စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ သက်သက် ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးထိန် လင်း၊ ဒုတိယဝန်ကြီးများ၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ   တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဓာတ်အားပို့လွှတ်
အခမ်းအနားတွင် ပြည်ထောင် စု ဝန်ကြီး   ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ၁၁ ကေဗွီ မေယု (၁)     ဓာတ်အားလိုင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က  မေယု(၂)   ဓာတ်အားလိုင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က    မေယု (၃) ဓာတ်အားလိုင်း၊      ပြည်နယ် ဝန်ကြီးချုပ်     ဦးထိန်လင်းက မေယု(၄) ဓာတ်အားလိုင်းတို့ကို အသီးသီး     စက်ခလုတ်နှိပ်၍ ဓာတ်အား      ပို့လွှတ်ပေးကြ သည်။
မုန်တိုင်း      အလွန်ကာလ ဓာတ်အားဖြန့်ဖြူးမှု ပထမအဆင့် အနေဖြင့်      ယနေ့ညပိုင်းတွင် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ရှိ ပြည်သူများသို့     နိုင်ငံတော် ဓာတ်အားစနစ်မှ     ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်၍ ဒေသခံပြည်သူများ ဝမ်းမြောက် ဝမ်းသာ     ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။      သတင်းစဉ်