စစ်တွေမြို့နယ်၌ မုန်တိုင်းဘေးအန္တရာယ် သရုပ်ပြသဏ္ဌာန်တူလေ့ကျင့်

 

စစ်တွေ   ဇူလိုင်   ၁၀


စစ်တွေမြို့နယ်၌       မုန်တိုင်း ဘေးအန္တရာယ် သရုပ်ပြသဏ္ဌာန် တူ လေ့ကျင့်ခြင်းကို စစ်တွေခရိုင်        သဘာဝဘေး  အန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုကော်မတီ၏   ဦးဆောင်မှု နှင့် မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာ   စီမံခန့်ခွဲမှုကော်မတီက ကြီးကြပ်ကာ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့နယ်     ကျေးတော ပိုက်ဆိပ်ကျေးရွာ      အခြေခံပညာ အလယ်တန်းကျောင်း၌  ပြုလုပ် သည်။ 

 


ရှေးဦးစွာ ဘင်္ဂလားပင်လယ် အော်အတွင်း   ဖြစ်ပေါ်လျက်ရှိ သော     လေဖိအားနည်းရပ်ဝန်း အခြေအနေ၊ မုန်တိုင်းအဆင့်ဆင့် ပြောင်းလဲလာမှုတို့ကို   ကျေးရွာ အတွင်း လှည့်လည်ကြေညာခြင်း၊ မိုးလေဝသတင်းများကို နားထောင် စေခြင်း၊ မုန်တိုင်းအနီရောင်အဆင့် သို့ ပြောင်းလဲသွားသည်ဟု သတင်း ရသဖြင့်      ကျေးရွာအတွင်းရှိ သဘာဝ  ဘေးအန္တရာယ်ဆိုင်ရာ ခိုလှုံရာနေရာများသို့  ပြောင်းရွှေ့ ခြင်းများကို ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်စဉ်   သက်ကြီး ရွယ်အိုများ၊ ကျန်းမာရေးမကောင်း သူများ၊   မြန်မာနိုင်ငံကြက်ခြေနီ တပ်ဖွဲ့၊     မီးသတ်ဦးစီးဌာနနှင့် ပရဟိတအဖွဲ့များမှ   ရွှေ့ပြောင်း ခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနများက ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို သဏ္ဌာန်တူ လေ့ကျင့်ခဲ့ကြသည်။  အလားတူ  မုန်တိုင်း    ကျရောက်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊       ကျန်းမာရေး  စောင့်ရှောက်ခြင်း  လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊   အစားအစာများ    ထောက်ပံ့ပေးခြင်းများကိုလည်း    ဆက်လက်       လုပ်ဆောင်ခဲ့ကြ ကြောင်း  သိရသည်။ 

 


အဆိုပါ မုန်တိုင်းဘေးအန္တရာယ် သရုပ်ပြသဏ္ဌာန်တူ    လေ့ကျင့် ခြင်းသို့     ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့်     အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ   တာဝန် ရှိသူများ၊  ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ရွှေရောင်မေတ္တာဖောင်ဒေးရှင်း    ပရဟိတအဖွဲ့မှ စေတနာရှင်များ၊ ကျေးရွာအုပ်ချုပ်ရေး        အဖွဲ့ဝင် များနှင့် ကျေးရွာသူ ကျေးရွာသား များ တက်ရောက်ပါဝင် လေ့ကျင့် ခဲ့ကြကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)