စစ်တွေမြို့နယ်၌ လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး သင်တန်းဖွင့်လှစ်

 

စစ်တွေ    ဩဂုတ်   ၁၆


စစ်တွေမြို့နယ် လူကုန်ကူးမှုတားဆီးကာကွယ် ရေးအဖွဲ့၏      ကြီးကြပ်မှုဖြင့်    အမှတ်(၅) လူကုန်ကူးမှု     တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)က   ဦးဆောင်ကာ   ရပ်ရွာအခြေပြု လူကုန်ကူးမှု      စိစစ်ဖော်ထုတ်ရေးသင်တန်း (၁/၂၀၂၂)ကို  ယမန်နေ့နံနက်ပိုင်းက    စစ်တွေ မြို့နယ်    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

 


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့၊  အတွင်းရေးမှူး၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး     ရဲမှူးကြီး  သက်လွင်က အမှာစကားပြောကြားသည်။   သင်တန်းတွင် လူကုန်ကူးမှုများ ဖြစ်ပေါ်လာခြင်းနှင့် တွန်းအား၊ ဆွဲအားများ၊   လူကုန်ကူးမှု၊   လူမှောင်ခိုမှု၊ တရားမဝင် ရွှေ့ပြောင်းသွားလာမှု ခြားနားချက် များ၊   ကမ္ဘာနှင့်မြန်မာနိုင်ငံတွင်   ဖြစ်ပေါ်နေ သော   လူကုန်ကူးမှုများ၊    လူကုန်ကူးမှု၏ ဆိုးကျိုးများနှင့်        လူကုန်ကူးခံရသူ၏ အခွင့်အရေးများ၊ တရားစွဲဆိုရေးလုပ်ငန်းစဉ်နှင့် လူကုန်ကူးခံရသူများ၏အရေးပါမှု၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနှင့်    လူကုန်ကူး ခံရသူဖြစ်ကြောင်း    စိစစ်ဖော်ထုတ်ခြင်း၊ လူကုန်ကူးမှုဖြစ်စဉ်(၃)ဆင့်နှင့် စိစစ်ဖော်ထုတ် ရေးပုံစံများအသုံးပြုခြင်း၊   တွေ့ဆုံမေးမြန်းမှု ပုံစံများ၊   လူကုန်ကူးခံရသူများကို ပြန်လည် လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းပေး ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း၊   တားဆီး နှိမ်နင်းခြင်း၊ ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းနှင့် သက်သေခံ ပစ္စည်းကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း နှင့်  ပြစ်မှုပြစ်ဒဏ်များ စသည်တို့ကို သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း  သိရသည်။

 


အဆိုပါသင်တန်းသို့      သင်တန်းသား သင်တန်းသူ   ၅၀   တက်ရောက်လျက်ရှိပြီး အမှတ်(၅)   လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)မှ   တပ်ဖွဲ့စုမှူး ရဲမှူး မျိုးလွင်၊ ရဲအုပ်  သန်းဇော်နှင့်     ရဲအုပ်  ဇော်မြင့်ဦးတို့က သုံးရက်ကြာ     သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။       

တင်ထွန်း(ပြန်/ဆက်)