စစ်တွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများပြားနိုင်သော အနိမ့်ပိုင်းရပ်ကွက်များနှင့် ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများကို မုန်တိုင်းဒဏ်ခံကာကွယ်ရေးအဆောက်အဦများနှင့် ယာယီခိုလှုံရာစခန်းများသို့ ကူညီရွှေ့ပြော

 

နေပြည်တော်  မေ   ၁၃


ဘင်္ဂလားပင်လယ်အော်  အရှေ့ တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင်   ဖြစ်ပေါ်လျက် ရှိသည့် လေဖိအားနည်းရပ်ဝန်း သည် တဖြည်းဖြည်း   အားကောင်း လာကာ   ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့   ရောက်ရှိလာနိုင်ပြီး ခန့်မှန်းချက်များအရ မြန်မာနိုင်ငံ ဘက်သို့ ဖြတ်သန်းဝင်ရောက်နိုင် သည့်      အခြေအနေရှိသဖြင့် သဘာဝဘေးအန္တရာယ်ကျရောက် လာပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊   ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့် ပြင်ဆင်စုဖွဲ့ထားရှိခြင်း၊ ပြန်လည် ထူထောင်ရေးဆိုင်ရာ     ကိုယ်စီ လုပ်ငန်းတာဝန်များအား   သရုပ်ပြ လေ့ကျင့်ခြင်းများကို      တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆောင်ရွက်လျက်ရှိသည်။

 


ထောက်ပံ့ပေးအပ်


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့နှင့် ရေကြည်မြို့ တို့၌လည်းကောင်း၊ ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်မီးသတ်ရုံ နေရာ၌လည်းကောင်း   အသီးသီး စုဖွဲ့၍    နယ်မြေခံတပ်မတော် သားများက ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၊      မြန်မာနိုင်ငံ   ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊   ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး   အဖွဲ့များ၊ ဒေသခံတိုင်းရင်းသား   ပြည်သူ များနှင့်   ပူးပေါင်း၍     သရုပ်ပြ လေ့ကျင့်မှုများ၊ ပြင်ဆင်စုဖွဲ့မှုများ ကို ဆောင်ရွက်ကြသည်။ ယင်းသို့    ဆောင်ရွက်နေမှုများကို  သက်ဆိုင် ရာတိုင်းဒေသကြီးနှင့်    ပြည်နယ် အသီးသီးတို့မှ   ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ က   သွားရောက်ကြည့်ရှုအားပေး ကြပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးပစ္စည်းများ နှင့် အထောက်အကူပြုပစ္စည်းများ ကို ထောက်ပံ့ပေးအပ်ကာ  လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး သည်။

 


ကြိုတင်ပြင်ဆင်ထားရှိ


ထို့ပြင် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဒေသခံပြည်သူ များအား   အချိန်နှင့်  တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး  အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီကယ်ဆယ်ရေး       အဖွဲ့ များ   ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ကယ်ဆယ်ရေး   ပစ္စည်းများနှင့် အခြား အထောက်အကူပြုပစ္စည်း များ      သိုလှောင်ထားရှိခြင်း၊ မုန်တိုင်းဒဏ်ခံ      ကာကွယ်ရေး အဆောက်အဦ    (Cyclone Shelter) များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ် ငါးမျိုးနှင့် သောက်သုံး ရေလုံလောက်စွာရရှိရန် ဆောင် ရွက်ထားရှိခြင်းတို့ကို သက်ဆိုင် ရာနယ်မြေအလိုက်    ကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

 


ရွှေ့ပြောင်းနေရာချထားပေး


ယနေ့တွင်       ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း မုန်တိုင်း အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု များပြားနိုင်သော     အနိမ့်ပိုင်း ရပ်ကွက်များနှင့် ပင်လယ်ကမ်းခြေ တစ်လျှောက်   ကျေးရွာများမှ ဒေသခံပြည်သူများကို  အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်  စစ်တွေ တပ်နယ်မှ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊    စေတနာ့ ဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များ    ပူးပေါင်းပါဝင်သည့် ကူညီကယ်ဆယ်ရေး  အဖွဲ့များက မုန်တိုင်းဒဏ်ခံ         ကာကွယ်ရေး အဆောက်အဦ (Cyclone Shelter) များ၊ မူလစီမံသတ်မှတ်ထားသည့် ယာယီခိုလှုံရာစခန်းအသီးသီးတွင် စနစ်တကျ  ရွှေ့ပြောင်းနေရာချထား ပေးမှုနှင့် ကျန်းမာရေးစောင့်ရှောက် ပေးနေမှုတို့ကို    အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်  အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍    ဒေသခံ ပြည်သူများအား    ရင်းရင်းနှီးနှီး အားပေးစကား   ပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


ပေါင်းစပ်ညှိနှိုင်းပေး


ထို့အပြင်     သဘာဝဘေး အန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ      ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန် လင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ ထို့နောက်   ပြည်နယ် ဝန်ကြီးချုပ်က     အမှာစကား ပြောကြားပြီး     အစည်းအဝေး တက်ရောက်    လာကြသူများ၏ တင်ပြချက်များအပေါ်   လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း   သတင်းရရှိ သည်။


သတင်းစဉ်