စစ်တွေမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု

စစ်တွေ   ဩဂုတ်   ၈


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်  ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်နှင့်  တာဝန်ရှိသူများသည်  ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း     စိုက်ပျိုးရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု        ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုသည်။


ရှေးဦးစွာ  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့   ကန်တော်ကြီးရပ်ရှိ   စိုက်ပျိုးရေးဦးစီး ဌာနပိုင်    စစ်တွေမျိုးသန့်ခြံသို့    သွားရောက်ပြီး   စပါးမျိုးသန့်စိုက်ပျိုးနေမှုကို    သွားရောက်ကြည့်ရှု ကြသည်။ ထိုသို့သွားရောက်ကြည့်ရှုစဉ်  ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမြင့်က မျိုးသန့်ခြံအတွင်း ရာသီမရွေး မျိုးကောင်းမျိုးသန့်များ  မျိုးစေ့ထုတ် စိုက်ပျိုးနေမှုအခြေအနေ၊     မျိုးသန့်မိုးစပါးများ  စိုက်ပျိုးနေမှုအခြေအနေတို့ကို  လှည့်လည်ရှင်းလင်း ပြသသည်။ စစ်တွေမျိုးသန့်ခြံတွင်  ဆင်းသွယ်လတ် စပါးမျိုး ၁ ဒသမ ၅ ဧကနှင့် ပေါ်ဆန်းရင်စပါးမျိုး   ၁၆  ဒသမ ၀၀  ဧကကို   ပျိုးထောင်စိုက်ပျိုးထားပြီး ဖြစ်ရာ    ပြည်နယ်ဝန်ကြီးချုပ်နှင့်   တိုင်းမှူးတို့က လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက် ပေးကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ် ဂန့်ဂေါ်ကျွန်းကျေးရွာအုပ်စု ဂန့်ဂေါ် ကျွန်းကျေးရွာအနီး တောင်သူ ၁၇ ဦး၏ လယ်ဧက  ၆၃ ဧကတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးနေသော စိုက်ခင်းသို့ သွားရောက်ကြည့်ရှုပြီး တောင်သူများနှင့် တွေ့ဆုံသည်။


တွေ့ဆုံစဉ်  တောင်သူများက  မျိုးသန့်မျိုးစပါး များအား ဝယ်ယူသိုလှောင်ထားရှိနိုင်ရေး၊  စိုက်ခင်း အတွင်း သွင်းအားစုအဖြစ်ထည့်သွင်းရန် ဓာတ်မြေ ဩဇာလိုအပ်မှုအခြေအနေတို့ကို       တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က  တာဝန်ရှိသူ များနှင့်     ပေါင်းစပ်ညှိနှိုင်းပေးပြီး     အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန်   လမ်းညွှန်မှာကြားကြောင်း သိရသည်။ 


စစ်တွေမြို့နယ်တွင်        မျိုးစေ့ထုတ်မိုးစပါး စိုက်ဧက  ၁၀၀  စိုက်ပျိုးလျက်ရှိရာ  စစ်တွေမြို့နယ် ကြွီတဲကျေးရွာတွင်   တောင်သူ  ၁၀  ဦး  (လယ်ဧက ၁၀ ဧက)၊ ကျက်တောပြင်ကျေးရွာတွင် တောင်သူ  ၁၇ ဦး (လယ်ဧက ၂၇ ဧက)၊ ဂန့်ဂေါ်ကျွန်းကျေးရွာတွင် တောင်သူ ၁၇ ဦး    (လယ်ဧက ၆၃  ဧက)  တို့တွင် ဆင်းသွယ်လတ်နှင့် ပေါ်ဆန်းရင်စပါးများကို မျိုးစေ့ ထုတ် စိုက်ပျိုးလျက်ရှိသည်။


ထိုသို့စိုက်ပျိုးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်  နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့်    ကာလအတွင်း   ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်    ဆောင်ရွက်နိုင်ရေး   လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းကြည့်ရှုပြီး  လိုအပ်သည်များကို   တာဝန်ရှိသူများနှင့်     ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)