
စစ်တွေ ဇွန် ၆
စစ်တွေမြို့၌ ရောက်ရှိနေသော နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ပြည်ထောင်စုဝန်ကြီး များ ဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့် အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေ ကမ်းခြေတစ်လျှောက် စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ကမ်းနားလမ်း ပြန်လည်ပြုပြင်နေ မှု၊ သစ်စက်များတွင် သစ်ခွဲသား များ ခွဲစိတ်နေမှု၊ ဆိပ်ကမ်းများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများ တင်ချ နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့သည် စစ်တွေကမ်းနားလမ်းနှင့် ကမ်းခြေ တစ်လျှောက်ရှိ အမှိုက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူ စုစုပေါင်း အင်အား ၅၀၀ ကျော်ဖြင့် ရှင်းလင်း ဖယ်ရှားနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
မိုခါမုန်တိုင်းအလွန် ကာလ တွင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် အပျက်အစီးများ၊ မြေပြင်ပေါ်သို့ လဲကျခဲ့သည့် သစ်ပင်သစ်ကိုင်းကြီးများ၊ မြို့တွင်း ရှိ အမှိုက်သရိုက်များနှင့် ပင်လယ် ရေလှိုင်းနှင့်အတူ ကမ်းခြေသို့ စုပုံရောက်ရှိလာသည့် အမှိုက်များ ကို တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့များ ပူးပေါင်း၍ နေ့စဉ် ရှင်းလင်း ဆောင်ရွက်လျက် ရှိသည့်အပြင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှု ကူညီရေးအဖွဲ့များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်၍ လည်း လူထုလှုပ်ရှားမှုအသွင်ဖြင့် ပြည်နယ်မြို့တော် သန့်ရှင်းသာယာ လှပရေးအတွက် အားတက် သရော ဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် မုန်တိုင်းဒဏ် ကြောင့် ပျက်စီးသွားသော စစ်တွေ မြို့ ကမ်းနားလမ်းရှိ ကွန်ကရစ် လမ်း၊ ပလက်ဖောင်းနှင့် ကျောက်စီ မြေထိန်းနံရံများကို ဆောက်လုပ် ရေးဝန်ကြီးဌာန စစ်တွေခရိုင် လမ်းဦးစီးဌာနက လူအင်အား စက်ယန္တရားအင်အားများ အသုံး ပြု၍ ပြည်သူများ အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရေး ပြုပြင် ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့ သည် ကုလားတန်ဘက်စုံ ဆိပ်ကမ်းအနီး ယာယီသစ်ခွဲစက် များနေရာသို့ ရောက်ရှိကြပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် အဆောက်အဦများ တွင် အသုံးပြုနိုင်ရန် သစ်စက်များ ဖြင့် သစ်များ ခွဲစိတ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
မိုခါမုန်တိုင်းအလွန် ကာလ တွင် ထိခိုက်ပျက်စီးခဲ့သည့် အများ နှင့်သက်ဆိုင်သော အဆောက်အဦ များဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ သာသနိက အဆောက် အဦများကို အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရန် လိုအပ်သည့် တည် ဆောက်ရေးပစ္စည်းများကို ဦးစား ပေး ထောက်ပံ့ပေးလျက်ရှိပြီး အများပြည်သူ အတွက်လည်း အချိုးကျ ခွဲဝေထောက်ပံ့ပေးလျက် ရှိသည်။ ထို့ပြင် တည်ဆောက်ရေး လုပ်ငန်းများအတွက် လိုအပ်နေ သည့်သစ်များကို ဒေသအတွင်းမှ သာမက အခြားဒေသများမှလည်း ရေယာဉ် / မော်တော်ယာဉ်များ ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ကာ ယာယီသစ်စက်များဖြင့် ခွဲစိတ်၍ လိုအပ်ချက်ရှိသည့် နေရာများ သို့ ဖြန့်ခွဲပေးပို့လျက်ရှိရာ ယနေ့ အချိန်အထိ စစ်တွေမြို့သို့ သစ်ခွဲ သား (ကုန်ချော) ၆၄၄ တန်၊ ပြန်လည်ခွဲစိတ်ရန် သစ် ၁၂၅၃ တန် စုစုပေါင်း ၁၈၉၇ တန် ရောက်ရှိပြီး လိုအပ်ချက်ရှိသော နေရာဒေသများသို့ ၇၃၀ ဒသမ ၉၅ တန် ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
ဆက်လက်၍ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ဆိုက်ကပ် ထားသော MCL-3 သင်္ဘော၊ MCL-5 သင်္ဘောနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံ တံတား၌ ဆိုက်ကပ်ထားသော CHARITES သင်္ဘောတို့ပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများကို လူ အင်အား၊ စက်ယန္တရားအင်အား များ အသုံးပြု၍ ဘေးသင့် ဒေသများသို့ ပို့ဆောင်ပေးမည့် ရေယာဉ်/မော်တော်ယာဉ်များပေါ် သို့ တင်ဆောင်နေမှုကို ကြည့်ရှု စစ်ဆေးပြီး (အပေါ်ပုံ) လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိပြီး AHA Center မှ လှူဒါန်းသည့် ခြေနင်းနှင့် ဘက်ထရီ ဓာတ်အားသုံး ရေသန့်စက်များ ဖြင့် စမ်းသပ်ရေသန့်စင်နေမှုကို ကြည့်ရှု၍ အမြန်ဖြန့်ခွဲအသုံးပြု သွားရန် မှာကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ကျင်းပသည့် မုန်တိုင်း ဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေး အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
ပေးအပ်လှူဒါန်း
အခမ်းအနားတွင် အလှူရှင် များက အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများကို ပေးအပ်လှူဒါန်း ရာ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယ ဝန်ကြီးတို့က လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူး တင်စကား ပြောကြားသည်။
ယနေ့ အခမ်းအနားတွင် Ooredoo မြန်မာကုမ္ပဏီလီမိ တက်က ငွေကျပ်သိန်း ၂၀၀၊ ရခိုင် ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက သွပ်ပြားအချပ် ၂၀၀၀၊ ရွှေဒေါင်းပျံဆေးပေါ့လိပ်မိသားစုက ငွေကျပ်သိန်း ၁၅၀၊ Novel Hotel မိသားစုက ငွေကျပ်သိန်း ၅၀၊ ခိုင်ပြည်ငြိမ်းထွန်း ကုမ္ပဏီ လီမိတက်က ငွေကျပ် ၂၅ သိန်း စုစုပေါင်း ငွေကျပ် ၄၂၅ သိန်း လှူဒါန်းခဲ့ကြသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ နှင့် မြောက်ပိုင်းဒေသရှိ မြို့များ လျှပ်စစ်ဓာတ်အား အမြန်ရရှိရေး အတွက် ၂၃၀ ကေဗွီဓာတ်အား လိုင်းနှင့် ၆၆ ကေဗွီဓာတ်အားလိုင်း များ ပြင်ဆင် ရေး ဝန်ထမ်းအင်အား ၅၈၁ ဦး၊ ယန္တရား ၆၂ စီးကို အဖွဲ့ ၁၆ ဖွဲ့ခွဲ၍ ပြင်ဆင်ဆောင်ရွက် ပေးလျက်ရှိပြီး မြို့တွင်းဓာတ်အား လိုင်းများ ပြင်ဆင်ရေးအတွက် ဝန်ထမ်းအင်အား ၆၄၂ ဦး၊ ကရိန်း ယာဉ် ၃၆ စီး၊ အုပ်ချုပ်မှုယာဉ် ၃၆ စီး၊ အဖွဲ့ ၁၄ ဖွဲ့နှင့် ပြင်ပကုမ္ပဏီ တစ်ဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
ဓာတ်အားပို့လွှတ်
၂၃၀ ကေဗွီ မဟာဓာတ်အား လိုင်း ပြုပြင်ပြီးစီးမှုအနေဖြင့် အမ်း - မြောက်ဦး - ပုဏ္ဏားကျွန်း လမ်းကြောင်း၌ ၉၃ ရာခိုင်နှုန်း၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း ပြုပြင် ပြီးစီးမှုအနေဖြင့် ပုဏ္ဏားကျွန်း - စစ်တွေလမ်းကြောင်း၌ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်၍ မကြာမီ ကာလအတွင်း စစ်တွေမြို့သို့ ဓာတ်အား ပို့လွှတ်နိုင်မည်ဖြစ် သည်။
၁၁ ကေဗွီနှင့် ၄၀၀ ဗို့ မြို့တွင်း ဖြန့်ဖြူးရေး ဓာတ်အားလိုင်းများ ပြုပြင်ပြီးစီးမှုအနေဖြင့် စစ်တွေ မြို့၌ ၉၄ ဒသမ ၄၅ ရာခိုင်နှုန်း၊ ကျောက်တော်မြို့၌ ၉၉ရာခိုင်နှုန်း ဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မောင်တောနှင့် ဘူးသီး တောင်မြို့များ၌ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်၍ မြို့များ အားလုံး ဇူလိုင်လ ပထမပတ်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ မည်ဖြစ်သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန နှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်း ဒဏ်သင့် မြို့ရွာများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ရွေ့လျားရေသန့်ကားများ၊ Life Straw (ရေနောက်မှရေကြည်သို့ သန့်စင်ပေးသည့်) ရေသန့်စက် များ၊ ဆိုလာစနစ်သုံး ရွေ့လျား ရေသန့်စက်များဖြင့် ဖြန့်ဝေပေး လျက်ရှိသည်။
အမြန်ဆုံးပေးပို့သွားမည်
ရွေ့လျားရေသန့်ကားများကို စစ်တွေမြို့နယ်တွင် သုံးစီး၊ ရသေ့ တောင်မြို့နယ်တွင် နှစ်စီး၊ မင်းပြား မြို့နယ်တွင် တစ်စီး ဖြန့်ခွဲပေးပို့ ထားပြီး ထပ်မံရောက်ရှိလာမည့် ရွေ့လျားရေသန့်ကား သုံးစီးကို လည်း ကျောက်တော်၊ ပုဏ္ဏား ကျွန်းနှင့် မြောက်ဦးမြို့နယ်များ သို့ အမြန်ဆုံးပေးပို့သွားမည်ဖြစ် သည်။
အလားတူ လျှပ်စစ်ဓာတ်အား မလိုအပ်သည့် တစ်နာရီလျှင် သုံးဂါလန်ခန့် သန့်စင်ပေးနိုင်သော Life Straw ရေသန့်စက်အလုံး ၂၁၀ ကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တောနှင့် မြေပုံ မြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၁၄၃ ရွာသို့ ဖြန့်ခွဲ ပေးပို့ထားပြီး ယင်းရေသန့်စက် တစ်လုံးသည် လူဦးရေ ၁၀၀ အတွက် တစ်နေ့တာ သောက်သုံး ရန်ရေကို လုံလောက်စွာ သန့်စင် ပေးနိုင်ကြောင်း သိရသည်။
ထို့အတူ မြေသားရေကန်များ မှ ရေနောက်များကို စုပ်ယူသန့်စင် ပေးနိုင်သည့် ဆိုလာသုံး ရွေ့လျား ရေသန့်စက် သုံးစုံဖြင့် စစ်တွေမြို့ ပေါ်ရှိ ရပ်ကွက်များ၌ လှည့်လည် သန့်စင် ဖြန့်ဝေပေးလျက်ရှိပြီး အဆိုပါ ရေသန့်စက်များသည် တစ်နာရီလျှင် ဂါလန် ၃၀၀ ခန့် သန့်စင်ပေးနိုင်သည်။ အလားတူ ဆိုလာစနစ်သုံး ရေသန့်စက် ၁၇ စုံ ထပ်မံရောက်ရှိပြီဖြစ်၍ မုန်တိုင်း ဒဏ်သင့် မြို့နယ်များအတွင်းရှိ ကျေးရွာများသို့ ဆက်လက်ဖြန့်ခွဲ ပေးပို့သွားမည်ဖြစ်သည်။
မိုခါမုန်တိုင်း တိုက်ခတ်မှု ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ သောက်သုံးရေကန်များ၌ ရေငန် ဝင်ရောက်မှုဖြစ်ပေါ်ခဲ့သဖြင့် သမ ဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့် အဆိုပါ ရေကန်များမှ ရေစုပ်ထုတ်၍ ပြည်သူများ သန့်ရှင်းသော သောက် သုံးရေရရှိရေး ဆောင်ရွက်ပေး လျက်ရှိရာ စစ်တွေမြို့နယ်၊ ပုဏ္ဏား ကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ မြောက်ဦး မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ် တို့ရှိ ကျေးရွာ ၁၁၆ ရွာမှ ရေကန် စုစုပေါင်း ၂၂၂ ကန်ကို ရေငန် စုပ်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိပြီး လက်ရှိအချိန်အထိ ဆောင်ရွက်ပြီးရေကန် ၁၄၂ ကန်၊ ဆောင်ရွက်ဆဲရေကန် ၁၉ ကန် နှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် ရေကန် ၆၁ ကန်တို့ဖြစ်ကြောင်း သိရှိရသည်။
မိုခါမုန်တိုင်းအလွန် ရခိုင် ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူ များအတွက် ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးပစ္စည်း များကို တပ်မတော်ရေယာဉ်နှင့် လေယာဉ်များဖြင့် ပို့ဆောင်ပေး လျက်ရှိရာ မေ ၁၅ ရက်မှ ဇွန် ၅ ရက်အထိ တပ်မတော်လေယာဉ် များဖြင့် ၁၁၄ ကြိမ်၊ ကုန်တန်ချိန် ၃၈၁ ဒသမ ၉၂၈ တန်၊ တပ်မတော် ရေယာဉ်ဖြင့် ၁၁ ကြိမ်၊ ပုဂ္ဂလိက ပိုင် ကုန်တင်ရေယာဉ်ဖြင့် ၉ ကြိမ် စုစုပေါင်း ၁၆၂၉၈ ဒသမ ၆ တန် ပို့ဆောင်ပေးနိုင်ခဲ့ပြီး အဆိုပါ ကုန်ပစ္စည်းများကို တပ်မတော် ရေယာဉ်များဖြင့် ၁၇ ကြိမ်၊ ကုန် တန်ချိန် ၈၁၅ ဒသမ ၂၄ တန် ကုန်တင်မော်တော်ယာဉ်များနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင် ရေးမှ ရေယာဉ်များဖြင့် ၁၄၈၇ ဒသမ ၆၃ တန်တို့အား ဘေးသင့် ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဖြန့်ခွဲ ပို့ဆောင်ပေး ခဲ့ပြီး ဆက်လက်ရောက်ရှိလာ မည့် ကုန်ပစ္စည်းများကိုလည်း အလားတူ ပေးပို့သွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်