
စစ်တွေ မတ် ၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော် မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ပိုင်းက ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန၌ ပြုလုပ် သော မီးသတ်ယာဉ်၊ မီးသတ်စက်များနှင့် ရှာဖွေ ကယ်ဆယ်ရေးသရုပ်ပြအခမ်းအနားသို့ တက် ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းထိုက်က မီးဘေးကာကွယ်ရေး ပညာပေးခြင်း နှင့် လေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများထားရှိရန် စည်းရုံးအကြံပြုသည့်လုပ်ငန်း များ ဆောင်ရွက်နေမှု၊ မီးလောင်မှုဖြစ်ပွားပါက အမြန်ဆုံး ငြှိမ်းသတ်နိုင်ရန်အတွက် လေ့ကျင့် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး မီးသတ် တပ်ဖွဲ့ဝင်များက ကြိုးတက်၊ ကြိုးဆင်းနည်း၊ ဇောက်ထိုးကြိုးဆင်းနည်းနှင့် အပြေးကြိုးဆင်း နည်းတို့ဖြင့် အထပ်မြင့်တိုက်များတွင် မီးလောင်မှုကြောင့်သော်လည်းကောင်း၊ သဘာဝဘေးအန္တရာယ် ကြောင့်သော်လည်းကောင်း ပိတ်မိနေသော လူနာ များအား ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုများကို သရုပ်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် မီးသတ်ဦးစီးဌာနရှိ အသင့်ထားရှိသည့် မီးသတ် ယာဉ်များ၊ မီးသတ်စက်များနှင့် ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြ ပြီး မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်မှုမှတ်တမ်းများကို ကြည့်ရှုအားပေး ကာ မီးသတ်တပ်ဖွဲ့အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြား၍ သရုပ်ပြသည့်တပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
တင်ထွန်း
(ပြန်/ဆက်)